သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝဒေသတွင် ကာလဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုများပြားနေ၊ ရက္ခိုင်ပရဟိတအဖွဲ့တစ်ခုက ရွေ့လျားဆေးကုသမှု ပေးနေ

AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၅
ချန်ဒြာ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ပလက်ဝဒေသရှိ ကျေးရွာများတွင် ဒေသခံပြည်သူ အများအပြား ကာလဝမ်းပျက်ဝမ်းလျောရောဂါ ဝေဒနာကို ခံစားနေကြရသည်။

အဆိုပါ ရောဂါဖြစ်ပွားသူများကို အမည်မဖော်လိုသည့် ရက္ခိုင် ပရဟိတလူမှုအဖွဲ့အစည်းတစ်ခုက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ က စတင်၍ ရွှေ့လျားဆေးကုသမှုများ ပေးအပ်ကူညီနေကြောင်း သိရသည်။

လက်ရှိအချိန်အထိ ပလက်ဝခရိုင်၊ ပုန်းချောင်းဝကျေးရွာတွင် ဝမ်းပျက်ဝမ်းလျောရောဂါ ဝေဒနာရှင် ၂၀ ဦးခန့် ရှိပြီး၊ ထိုအထဲမှ ၆ ဦးခန့်မှာ ရောဂါအပြင်းအထန် ခံစားနေရသူများ ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဖော်ပြသည်။

၎င်းလူနာများအား ရက္ခိုင်လူမှုပရဟိတအဖွဲ့အစည်းမှ လိုအပ်သည့် ဆေးဝါးများ (ဓာတ်ဆား၊ ပဋိဇီဝဆေးများ) ကို အချိန်မီ ပေးအပ်ကုသကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့သည်။

“ကျွန်တော်တို့ ရွာမှာ အိမ်တိုင်းစေ့နီးပါး ဝမ်းလျောနေကြတာ။ တချို့ဆို အားမရှိလို့ မထနိုင်တော့ဘူး။ သွေးကြောထဲ ဆေးသွင်းကုသပေးမှ သက်သာလာကြတာပါ။ အခုလို အချိန်မီလာရောက်ကုသပေးတဲ့ ပရဟိတအဖွဲ့ကို အထူးကျေးဇူးတင်မိပါတယ်” ဟု ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

ထို့ပြင် ပလက်ဝခရိုင်၊ နှုံးဘူးကျေးရွာ တွင်လည်း ဝမ်းပျက်ဝမ်းလျောရောဂါ ဝေဒနာခံစားနေရသူများကို ဆေးခန်းဖွင့်ကာ ကုသပေးခဲ့ပြီး ယခုအခါ ရောဂါဖြစ်ပွားနေသော လူနာအချို့မှာ သက်သာလာပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါြဖစ်ပွားနေမှုကြောင်း ရက္ခိုင်-အိန္ဒိယနယ်စပ် ကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်းများပိတ်ထားရပြီး ကုန်းလမ်းကြောင်းရပ်တန့်ထားမှု အချိန်ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ