သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် ရေနစ်သေဆုံးနေသော အမည်မသိရုပ်အလောင်းတစ်လောင်း တွေ့ရှိ

AB News – အောက်တိုဘာလ ၂၀၊ ၂၀၂၅
ချန်ဒြာ

အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသည့် ပလက်ဝဒေသ ချင်းလက်ဝတိုက်နယ်၊ ပြင်ဒိုင်းကျေးရွာအနီးတွင် ရေနစ်သေဆုံးနေသော အမည်မသိ အမျိုးသား ရုပ်အလောင်းတစ်လောင်အား တွေ့ရှိကြောင်း သိရသည်။

ယင်းရုပ်အလောင်းသည် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့၊ နေ့လည် ၁၀ နာရီအချိန်ခန့်တွင် ပြင်ဒိုင်းကျေးရွာအနီးတွင် မျောနေသည်ကို တိန်းလက်ကျေးရွာမှ ဦးကျော်ကျော်လင်းက မြင်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန (DLEPS) သို့သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဆေးဝန်ထမ်း ၁ ဦးနှင့် မျက်မြင်တွေ့ရှိသူများအပါအဝင် DLEPS စခန်းမှ စခန်းမှူးတို့ ဦးဆောင်ပြီး ရုပ်အလောင်းရှိရာနေရာသို့ စက်လှေဖြင့်သွားရောက်ကာ အလောင်းကို ယူဆောင်ထားကြောင်း သိရသည်။

“ဘယ်ကရုပ်အလောင်းလည်းမသိဘူး။ ပြင်ဒိုင်းကျေးရွာအနားမှာ မျောနေတာ။ အဲဒါကို ဒီနေ့ ၁၀ နာရီလောက်မှာ တိန်းလက်ကျေးရွာသားတစ်ယောက်က မြင်တွေ့ခဲ့တယ်။ အခုတေ့ာ DLEPS က ယူဆောင်သွားပြီ” ဟု ဒေသခံအမျိုးသမီး ၁ ဦးက AB News သို့ပြောသည်။


‎ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၇ နာရီခွဲအချိန်တွင် ပလက်ဝမြို့နယ် ရာရီတောင်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မောင်ကိုဇာသည် ရွှေလိုက်ဝကျေးရွာသိုပြန်လာစဥ် ချင်းလက်ချောင်းကို ဖြတ်ကူးရာ ရေစီးသန်သဖြင့် ရေစီးနှင့်‎မျောပါပျောက်ဆုံးသွားခဲ့ပြီး ၃ ရက်မြောက်နေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရုပ်အလောင်းအားပြန်တွေ့ခဲ့သည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့၊ နေ့လယ်၂ နာရီခွဲဝန်းကျင်တွင် ရွှေလက်ဝမှ ဆင်းလာသော စက်လှေများမှာ ချင်းလက်ဝချောင်းနား အရောက်တွင် ရေစီးပြင်း၍ လှိုင်းကြီးနေသောကြောင့် ကုန်ပစ္စည်းအပြည့် ပါသော စက်လှေ ၁၀ စီး ရေနစ်မြုပ်သွားခဲ့ပြီး အမျိုးသား ၁ ဦး ရေနစ်သေဆုံးသွားခဲ့ရသည်။

ပုံစာ – ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့၊ နေ့လည် ၁၀ နာရီအချိန်ခန့်တွင် ပလက်ဝဒေသ ၊ပြင်ဒိုင်းကျေးရွာအနီးတွင် ရေနစ်သေဆုံးနေသော အမည်မသိ အမျိုးသား ရုပ်အလောင်းတစ်လောင်အား မြင်တွေ့ရစဉ်။

ArakanBayNews #AB_News #Sank #Found #Unkown_Dead_Body #Paletwa_Region

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ