သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် မီးလောင်မှုဖြစ်ပွား၊ အိမ်နှစ်ဆောင် မီးလောင် ပြာကျ

AB News- ဧပြီ ၁ ၊၂၀၂၅

ပလက်ဝမြို့တွင် မတ်လ ၃၁ ရက်နေ့၊ ညပိုင်းက  မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အိမ်နှစ်ဆောင် မီးလောင်ပြာကျသွားကြောင်း သိရသည်။

မတ် ၃၁ ရက်နေ့၊ ညပိုင်း ၆ နာရီ၊ ၅၀ မိနစ်လောက်က ပလက်ဝမြို့၊  မြို့မရပ်ကွက် RC ဘုရားကျောင်းမြောက်ဖက်တောစပ်တွင်  တောမီးလောင်ရာမှတဆင့် အနီးပတ်ဝန်းကျင်ရှိ အိမ်နှစ်ဆောင်ကို ကူးစက်ကာ လောင်ကျွမ်းသွားသည်ဟု သိရသည်။

ထိုအိမ် နှစ်ဆောင်တွင် လူမနေသည်မှာ  ကြာပြီဟုလည်း သိရသည်။

ယင်းမီးလောင်မှုအား အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ DELPS တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုတို့က စုပေါင်းငြိမ်းသတ်သဖြင့်  ညပိုင်း ၈ နာရီ လောက်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က ပလက်ဝဒေသအတွင်းရှိ ဆမီးမြို့နယ်၊စောနီကနောင်ကျေးရွာတွင် တောင်​ယာမီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးတွင် ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းကာ ပြင်းထန်ဒဏ်ရရသွားကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ပေါက်တောတွင် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားကာ နေအိမ်တစ်လုံး ပြာကျသွားကြောင်း သိရသည်။

တစ်ဖက်မှာလည်း အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနေဖြင့် ၎င်းတို့ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့၊ ရွာ၊ ဒေသများတွင် အရပ်သားပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးခြင်းများ၊ အာရက္ခပြည်သူထုအနေဖြင့် မီးဘေးအန္တရာယ် မပေါ့ဆကြရန် မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန် အချက်များကို သတိပေးဆော်ဩတိုက်တွန်းနှိုးဆော်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ