Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် စစ်ကောင်စီတပ်စခန်း တစ်ခုကို PDF အဖွဲ့ဝင်တိုက်၊ ဒေသခံရွာသား အမျိုးသမီးတစ်ဦး ကျည်ထိ ဒဏ်ရာရ

ပလက်ဝတွင် စစ်ကောင်စီတပ်စခန်း တစ်ခုကို PDF အဖွဲ့ဝင်တိုက်၊ ဒေသခံရွာသား အမျိုးသမီးတစ်ဦး ကျည်ထိ ဒဏ်ရာရ

AB News- နိုဝင်ဘာ ၄ ရက်

ချင်းပြည်နယ် ပလက်မြို့နယ် ဘားဝကျေးရွာတွင် စစ်ကောင်စီတပ်စခန်း ၁ ခုကို ဒေသခံ PDF အဖွဲ့က ဝင်တိုက်ခဲ့ပြီး၊ လက်နက်ကြီးကျည်ထိမှန်ကာ ဒေသခံရွာသား အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့ ၂ ဖွဲ့သည် မိနစ် ၃၀ ကြာခန့် ပစ်ခတ်မှုရှိခဲ့ပြီး ၈ နာရီတွင် ရပ်တန့်သွားခဲ့ကြောင်း နီးစပ်သူ တစ်ဦးက AB News သို့ပြောသည်။

“PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဖြစ်တယ်၊ PDF တွေက စစ်ကောင်စီတပ် စခန်းဝင်သိမ်းတာထင်တယ်၊ လက်နက်ကြီးကျည်ထိလို့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားတယ် မိနစ် ၃၀ လောက်ကြာတယ် ၊ အခုရပ်သွားပါပြီ” ဟု ဆိုသည်။

လက်နက်ကြီးကျည်သည် ကလေးအမေတစ်ဦး၏ ပေါင်ကိုထိမှန်သွားပြီး ပလက်ဝမြို့နယ် ဆမီးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဆမီးမြို့နှင့် ၁ မိုင်ကျော်ဝေးကွာကြောင်း သိရသည်။

ဒေသခံ PDF အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း AB News သို့အတည်ပြုပြောသည်။

“ULA/AA နှင့် တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမယ့် ဒေသခံတွေဆီကသိရတာတော့ Local PDF တွေက ဆမီးဘက်မှာရှိတဲ့ မြန်မာစစ်တပ် စခန်းကို ဝင်ပစ်တာရှိတယ်လို့ သိရတယ်” ဟုဆိုသည်။

ကျရောက်ပေါက်ကွဲသည့်လက်နက်သည် မည်သည့်ဘက်က ပစ်ခတ်သည်ကို မသိရှိရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ