Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပန်ဆန်းတွင် ပြုလုပ်နေသည့် မြောက်ပိုင်းအင်အားကြီး မဟာမိတ်အဖွဲ့ FPNCC တွေ့ဆုံပွဲကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်တက်ရောက်နေ

ပန်ဆန်းတွင် ပြုလုပ်နေသည့် မြောက်ပိုင်းအင်အားကြီး မဟာမိတ်အဖွဲ့ FPNCC တွေ့ဆုံပွဲကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်တက်ရောက်နေ

Arakan Bay News-မတ်လ ၁၅ ရက်

“ဝ”ပြည် ပန်ဆန်းတွင် ပြုလုပ်ကျင်းပလျက်ရှိသည့် မြောက်ပိုင်းအင်အားကြီး မဟာမိတ်အဖွဲ့ FPNCC တွေ့ဆုံပွဲတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်နေကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ABN သို့ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်အဖွဲ့ အချင်းချင်းကြား ဆက်ဆံရေးတိုးမြှင့်ရန် ဖြစ်ကြောင်း သိရသည်။

“FPNCC အစည်းအဝေးလုပ်နေတယ်ဆိုတာကတော့မှန်ပါတယ်။ ကျနော်တို့ဖက်က ULA ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လို့ ရှိနေပါတယ်” ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

သို့သော်လည်း မည်သည့်အကြောင်းအရာများနှင့် အသေးစိတ်အချက်အလက်များကိုမူ သူ့အနေဖြင့် မသိရသေးကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

ထိုတွေ့ဆုံပွဲတွင် မဟာမိတ်အဖွဲ့များဖြစ်ကြသည့် ‘ ဝ ‘ ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP၊ ကချင်လွတ်မြောက်ရေးတပ်မတော်-KIA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAနှင့် ရက္ခိုင့်တပ်တော်-AA တို့ ဖြစ်ကြသည်။

FPNCC အဖွဲ့မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA နည်းလမ်းဖြင့်မဟုတ်ဘဲ တခြားတနည်းဖြင့် နိုင်ငံရေးကို ဆွေးနွေး အဖြေရှာ နိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ