Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပဇီကြီးတွင် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃၀ အထိတွေ့ရှိထား

ပဇီကြီးတွင် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃၀ အထိတွေ့ရှိထား

ABN-ထက်မြတ်ခင်

စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် သေဆုံးသူအရေအတွက် အနည်းဆုံး ၁၃၀ အထိရှိလာပြီဖြစ်ကြောင်း သေဆုံးသည့်အလောင်းများကို လိုက်လံကောက်ယူပြီး သင်္ဂြိုဟ်ပေးနေသည့်အဖွဲ့များ၏ စာရင်း အရ သိရကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

ဧပြီလ ၁၃ရက်၊ မနက် ၉နာရီအချိန်တွင် သိရှိခဲ့သည့် စာရင်းများအရ ရှာဖွေတွေ့ရှိခဲ့ပြီး သင်္ဂြိုလ်ပြီးစီးသည့် အလောင်းအရေအတွက် ၁၃၀ အထိရှိနေပြီဟု သိရသည်။

ရုပ်အလောင်းတစ်ခုအဖြစ်သတ်မှတ်နိုင်သည့်ပုံစံရှိသော အရာတွေအားလုံးကို ကောက်ယူစုပေါင်းရေတွက်ခြင်းဖြစ်ကြောင်းဆိုသည်။

လတ်တလော တွေ့ရှိသည့် စာရင်းများသာဖြစ်ပြီး အလောင်ကောင် အစအနမရဘဲ ပျောက်ဆုံးသွားသော အလောင်းများပါ ရှိနေနိုင်ကြောင်း သိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ထိုပဇီကြီးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များဖြင့် ရဟတ်ယာဥ်ပေါ်မှ ပစ်ချခဲ့ခြင်းများကြောင့် ဒဏ်ရာရှိသူများစွာနှင့် သေဆုံးသူ ၁၃၀ ထိရှိခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ