Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပင်လောင်းတွင် သံဃာတော် ၃ပါးနှင့် ရွာသား ၂၈ ဦးကို စစ်ကောင်စီက ရက်စက်စွာ ပစ်သတ်

သတိ-စိတ်ချောက်ချားစရာ ပုံများပါသည်။

ABN-ထက်မြတ်ခင်

ရှမ်းပြည်နယ် ပင်လောင်းမြို့၌ မတ်လ ၁၁ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်ထားသော နမ်းနှိမ်ရွာဘုန်းကြီးကျောင်းအတွင်းတွင် သံဃာတော် ၃ပါးနှင့် ရွာသား ၂၈ ဦးတို့၏ရုပ်အလောင်းကို မတ်လ ၁၂နေ့ရက်ကတွေ့ရှိခဲ့သည်ဟု KNDFကထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသူများမှာ ပင်လောင်းမြို့နယ် နမ်းနှိမ်ကျေးရွာ ဘုန်ကြီးကျောင်း၌ ခိုလှုံနေသော ရဟန်းများနှင့် ပြည်သူများဖြစ်ကြောင်းဖော်ပြထားသည်။

မတ်လ(၁၁)ရက်နေ့ ညနေခင်း (၄)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်းသို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာသား(၃၀)ဦးနှင့် ဘုန်းကြီး(၃)ပါးတို့အား ခိုအောင်းရာမှ ထွက်စေခဲ့ပြီး ကျောင်း‌တော် နံရံဘက်ရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ ကျူးလွန်ချိန်တွင် KNDF,PDF,KAတို့မှ ဝင်ရောက်ကူညီမနိုင်ခဲ့ဘဲ မတ်လ ၁၂နေ့တွင်သာ ကျေးရွာများအတွင်းသို့ဝင်ရောက်ပြီးပျောက်ဆုံးနေသူ(၃၀)ဦးအနက် သေဆုံးသူ(၂၈)ဦးတို့၏ရုပ်များ အလောင်းများအားတွေ့ရှိခဲ့သည်ဟုထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းကို KNDF,KAရှမ်းတောင် PDF,PDFဖက်ခုံ၊ PDF မိုးဗြဲနှင့် လာရောက်ကူညီသည့် DM0 PDFတို့မှ ဆက်လက်တန်ပြန်စစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ယခုကျူးလွန်မှုအတွက် သက်ဆိုင်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ကို အရေးယူမှုအတွက် သက်ဆိုင်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်ကို အရေးယူဆောင်ရွက်နိုင်ရန်ကြိုးစားလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ