Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပခုက္ကူမြို့နယ်ရှိရွာကို စစ်တပ်နှင့် လက်အောက်ခံပျူစောထီးများက ဒုတိယအကြိမ် မီးရှို့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ABN-ရာဟု

သြဂုတ် ၂ရက်

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ ဖလံအိုစံပြကျေးရွာကို ယနေ့ သြဂုတ်လ ၂ရက်နေ့က အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံပျူစောထီးများက ဒုတိယအကြိမ် မီးလာရှို့သဖြင့် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရ​ကြရသည်ဟု သိရှိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့် ရှင်မကန်၊မန်ကျည်းကန် ၊ဇီးကုန်းနှင့် အောင်သာရွာတို့မှ ပျူစောထီးများ ပူပေါင်းပါဝင်သည့် စစ်ကြောင်း သြဂုတ်လ ၂ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်လောက်က ဖလံအိုစံပြရွာအတွင်းကို ဝင်ရောက်ကာ အကြောင်းမဲ့ နေအ်ိမ်များကို မီးရှို့နေသည့်အတွက် ရွာလုံးကျွတ်ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးနေကြရခြင်းဖြစ်သည်။

ဖလံအိုစံပြရွာကို ဇူလိုင်လ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဖလံအိုစံပြရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရွာရှိနေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့​ရကာ ယခုဒုတိယအကြိမ်မီးလာရောက်ရှို့နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ကျေးရွာများကို မကြာခဏမီးရှို့ဖျက်စီးနေသဖြင့် ပြည်သူများစွာ ဘေးလွတ်ရာသို့ အိုအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ