Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ MNDAA ကို စစ်ကောင်စီ ရဟတ်ယာဥ်ဖြင့် ညအချိန် လာရောက်တိုက်ခိုက်

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ MNDAA ၏ အထူး ဒေသခံ (၁) ခံတပ်ကို စစ်ကောင်စီ ရဟတ်ယာဥ်ဖြင့် ယနေ့ ဒီဇင်ဘာ ၂၈ ရက် ညအချိန် ၁ နာ ၁၀ မိနစ်အချိန်က လာရောက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လာရောက်တိုက်ခိုက်မှုကြောင့် MNDAA မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ရပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်စဥ် စစ်ကောင်စီက SU-30 တိုက်လေယာဥ်ဖြင့် ဗုံး ၁၀ လုံးကြဲချခဲ့ပြီး၊ နှစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

MNDAA ကို စစ်ကောင်စီက ယခင်တိုက်ပွဲများအတွင်း ရှုံးနိမ့်ခဲ့၍ လက်စားချေရန် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း MNDAA က ပြောသည်။

MNDAA နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ယခု ဒီဇင်ဘာလ ၂၁ ၊ ၂၃ နှစ်ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၇၀ ကျော်ကျဆုံးခဲ့မှုဖြစ်ခဲ့သည်။

ဓာတ်ပုံ-The Kokang

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ