Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နှစ်ပေါင်း ၆၄ နှစ်ကြား အာဏာရှင်လက်အောက်တွင် ကျရောက်ခဲ့သည့် နမ့်ဆန်မြို့ကို TNLA အပြီးပိုင်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်

AB News-ဒီဇင်ဘာ ၁၇၊ ၂၀၂၃

နှစ်ပေါင်း ၆၄ နှစ်ကြာ အာဏာရှင်လက်အောက်တွင် ကျရောက်ခဲ့သည့် နမ့်ဆန်မြို့ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အာဏာရှင် ထံမှ အလုံးစုံ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA က ယနေ့ည ထုတ်ပြန်ကြေညာလိုက်သည်။

နမ့်ဆန်မြို့နယ်သည် တအာင်းစော်ဘွားများအဆက်ဆက် နောက်ဆုံး စော်ဘွား စဝ်ခွန်ပန်းစိန် ၁၉၅၉ ခုနှစ် မတ်လ ၂ ရက် အာဏာသိမ်းခံရသည်အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် (Taung Paing State ) နန်းစိုက်ရာမြို့တစ်မြို့ဖြစ်သည်ဟု ထုတ်ပြန်ပါရှိသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင် တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဆိုထားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ

၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရမိသည့်အပြင် ရန်သူ စစ်ကောင်စီအဖွဲ့၏ အလောင်း (၆၀)ကျော်နှင့်စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ်သား (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို TNLA က ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ ရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဖက်မှ မန်တုံ ခလရ-၁၃၀ တပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းဖြင့် Mi35 (၁)ကြိမ်၊ ART-42 (၅)ကြိမ်၊ Jet Fighter (၁၉)ကြိမ်၊ Y12 လေယာဥ် (၅)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဆိုထားသည်။

နမ့်ဆန်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ယခင်တောင်ပိုင်းနယ်၏ မြို့တော်ဖြစ်ပြီး ကျောက်မဲမြို့၏မြောက်ဘက် နမ္မတူမြို့၏ အနောက်တောင်ဘက်တွင် ရှိသည်။

ထိုမြို့တွင် ၂၀၁၄ သန်ခေါင်စာရင်းမှတ်တမ်းအရ လူဦးရေ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ