သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီ အဆိပ်ငွေ့ဗုံး ၁၁ လုံး အသုံးပြု တိုက်ခိုက်

AB News – ဧပြီ ၃၀ ၊ ၂၀၂၅

တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးရှိ (၉၀၂) စစ်ကောင်စီတပ်စခန်းကို (TNLA) က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၁၁ လုံး ကြဲချပြီး လက်နက်ကြီး ၂၆ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

ဧပြီ ၂၉ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီ ၄၀ မိနစ်အထိ ကြာမြင့်ခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ၉၀၂ နှင့် ၄၅၃ တပ်ရင်းများက ၁၂၀ မမ လက်နက်ကြီးများဖြင့်လည်း အပြင်းအထန် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ဧပြီလကုန်အထိ အပစ်ရပ်စဲရေးကို တိုးမြှင့်ထားသော စစ်ကောင်စီသည် PSLF/TNLA ထိန်းချုပ်နယ်မြေများတွင် စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲများ ဆင်နွှဲခြင်းမရှိသည့် ပြည်သူများနေထိုင်ရာ ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီသည် နောင်ချိုမြို့ကို အဆိပ်ငွေ့ဗုံး ၈ လုံးနှင့် ဗုံး ၂၇ လုံး ကြဲချခဲ့သေးသည်။

ထို့ပြင် အပစ်ရပ်စဲထားသော စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများမှ ပြည်သူများနေထိုင်ရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း နှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ