ABN-ထက်မြတ်ခင်
ယမန်နေ့ ဧပြီလ ၂၁ရက်နေ့ ည၆နာရီအချိန်က နေပြည်တော်ရှိ ကျေးရွာအုပ်စု (၅)စုတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၆ဦး၊ ဒဏ်ရာရသူ ၁၀၉ဦးနှင့် နေအိမ် ၂၃၀ပျက်စီးသွားကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနဖော်ပြချက်အရသိရသည်။
သေဆုံးသူများမှာ လယ်ဝေးမြို့နယ် ရွှေဟင်္သါ ကျေးစု၊ တံတားဦးကျေးရွာ၊ ကံသာကျေးရွာအုပ်စုနှင့် အောင်မြင်ကုန်းရွာတို့မှဖြစ်ပြီး တံတားဦးကျေးရွာမှ အမျိုးသမီး(၂)ဦး၊ အောင်မြင်ကုန်ကျေးရွာမှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ဖြစ်ကြသည်။
ထို့လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ (၆)ဦးအပြင် ဒဏ်ရာရသူ တံတားဦးကျေးရွာမှ (၄၈)ဦးဖြစ်ပြီး (၁၆)ဦးမှာ စိုးရိမ်ရပြီး အောင်မြင်ကုန်းကျေးရွာမှ (၆၁)ဦးတို့ဖြစ်ပြီး စုစုပေါင်း ၁၀၉အထိရှိကာ နေအိမ် ၂၃၀အထိပျက်စီးသွားကြောင်းသိရသည်။
၎င်းဒဏ်ရာရရှိသူများကို ယာယီဆေးခန်းဖွင့်ပြီး ဆေးဝါးကုသမှုများပြုလုပ်ကာ စိုးရိမ်ရသည့် လူနာများကို ပရဟိတအဖွဲ့များက ဆေးရုံသို့ပို့ပေးထားကြောင်းသိရသည်။




