ABN- မေအိအိအောင်
နေပြည်တော်တွင် ခရီးသည်တင် Express ကား နှင့် ဆီဘောက်ဆာကားတို့ တိုက်မီပြီး ကား၂ စီးလုံးမီးလောင်ကာ လူ ၄ဦးဒဏ်ရာ ရရှိသွားကြောင်း သဗ္ဗသုခ ပရဟိတအသင်းမှ တာ၀န်ရှိသူတစ်ဦးကပြောကြောင်းသိရသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုနန်-မန္တလေး ကားလမ်းမကြီးတွင် ယမန်နေ့ ဇန်န၀ါရီ ၁၃ ရက် ညနေ ၆ နာရီအချိန်၌ အဆိုပါကား ၂ စီးတိုက်မိပြီး ကား ၂ စီးလုံးမီးလောင်သွားခဲ့ကြောင်း သိရသည်။
သို့သော် ကားနှစ်စီး တိုက်မိသည့်ချိန်တွင်း ခရီးသည်တင်ကားမှ ဒရိုင်ဘာက ကားအတွင်းမှ ခရီးသည်များကို အချိန်မီဆင်းခိုင်းနိုင်ခဲ့သည့်အတွက် ၄ ဦးဒဏ်ရာရသည်မှလွဲ၍ အသေအပျောက်မရှိကြောင်း သဗ္ဗသုတ ပရဟိတအသင်းမှ တာ၀န်ရှိသူကပြောကြောင်းသိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းကလည်း ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ကြံတိုင်းအောင် ခရီးသည်တင်ကားနှင့် ဆီဘော်ဆာကားတို့ တိုက်မိ၍ ဆီဘောက်ဆာကားမှာ ကားခေါင်းပိုင်း ပျက်စီးခဲ့ရသည်။
နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်ကလည်း မင်းပြားမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်လာသူမှာ ပွဲချင်းပြီးသေဆုံးခဲ့ရသည့်အပြင် ကျောက်တော် မဟာမုနိ ဘုရားကြီးအနီးတွင်လည်း ကားနှင့်မော်တော်ဆိုင်ကယ်တို့တိုက်မှုဖြစ်ခဲ့သည့်အတွက်ကြာင့် ဆိုင်ကယ်စီးလာသူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။



