Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်သား ၃၃၃ ယောက်သေဆုံးပြီး ၁၅၇ယောက် ထိခိုက်ဒဏ်ရာရရှိဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူလေးအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ(KNDO)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ(BGF)တို့နိုဝင်ဘာလက နှစ်ဖက်တိုက်ပွဲများအတွင်း တိုက်ပွဲ‌ပေါင်း ၂၉၀ ကြိမ် ထိတွေ့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၃ ယောက် သေဆုံးကာ ၁၅၇ ယောက်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည့် ဒီဇင်ဘာ ၆ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေတွင် တပ်မဟာ ၇ ခုအနက် တပ်မဟာ-၁ နယ်မြေတွင် တိုက်ပွဲ ၃၃ ကြိမ်၊ တပ်မဟာ-၂ တွင် ၁၇ ကြိမ်၊ တပ်မဟာ-၃ တွင် ၃၀ ကြိမ်၊ တပ်မဟာ-၄ တွင် ၄၁ ကြိမ်၊ တပ်မဟာ-၆ တွင် ၅၃ ကြိမ်နှင့် တပ်မဟာ-၅ ဖာပွန်နယ်မြေတွင် ၁၁၆ ကြိမ်အထိ အများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲစုစုပေါင်း ၂၉၀အထိဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း KNU ဖက်မှ စစ်သည် ၃၀ ဦးအသက်စွန့်ခဲ့ရပြီး ၆၈ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့် (BGF) တပ်တို့ပူးပေါင်းပြီး နိုဝင်ဘာလအတွင်း ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးရေစုစုပေါင်း ၂၈၀ ကျော် ပစ်ခတ်ခဲ့သောကြောင့် စာသင်ကျောင်းများ၊ ဘုရားကျောင်းများအပါအဝင် နေအိမ်အများအပြားပျက်စီးဆုံးရှုံးခြင်း၊ အပြစ်မဲ့ အရပ်သား ပြည်သူစုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ရပြီး ၂၈ယောက် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထို့အပြင် အပြစ်မဲ့ပြည်သူ ၂၂ ယောက်လည်း မတရားအကြောင်းမဲ့ဖမ်းဆီးခံထားရပြီး၊ (BGF-1014) တပ်ခွဲ-၂ တပ်ခွဲမှုး ဗိုလ်တင်ဝင်းသည် ပလောမိုးဒို အခြေစိုက်စခန်းအားပြုပြင်ရန်အတွက် တပ်မဟာ-၁ ဘားအံနယ်မြေအတွင်းရှိ ကျေးရွာ ၄ ရွာမှ ရွာသားများကိုတစ်ရွာလျှင် လူ ၁၀ ဦးနှုန်းဖြင့် တစ်နေ့လျှင် ရွာ ၄ ရွာမှ လူ ၄၀ ခန့်ကို နိုဝင်ဘာ ၁ရက်နေ့ကနေ ၃၀ရက်နေ့အထိ အတင်းအားဓမ္မ ခေါ်ယူ စေခိုင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ