သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ရက်စေ့ပြီးဖြစ်၍ ကျန်ရှိ​သော ပါတီပေါင်း ၄၀ ကိုဖျက်သိမ်းကြောင်း UEC ထုတ်ပြန်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ရက်စေ့ပြီးဖြစ်၍ ကျန်ရှိ​သော ပါတီပေါင်း ၄၀ ကိုဖျက်သိမ်းကြောင်း UEC ထုတ်ပြန်

ABN- ကိုဟိန်းထွန်း

စစ်ကောင်စီမှပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံပြန်တင်ရက်မှာ ရက်စေ့ပြီဖြစ်၍ ကျန်ရှိနေသည့်ပါတီပေါင်း၄၀ ကိုဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC )ကထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ တည်ဆဲဥပဒေအရ ၉၀ ကျော်ရှိပြီး

မှတ်ပုံပြန်တင်သည့် ပါတီ ၅၀ ပါတီရှိ၍ နိုင်ငံရေးပါတီသစ် ၁၃ပါတီရှိကာ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံပြန်တင်မထားခဲ့သည့် NLD ပါတီအပါအဝင် အခြား ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်ကြောင်းထုတ်ပြန်ထားသည်။

ရခိုင်မှမှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၅ ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင့်ဦးဆောင်ပါတီ AFP၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် မြိုတိုင်းရင်းသားပါတီများဖြစ်ပြီး မှတ်ပုံပြန်တင်မထားခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ နှင့် ကမန်အမျိုးသားတိုးတက်ရေးပါတီတို့ဖြစ်သည်။

ပြန်လည်တည်ထောင်လိုသည့်နိုင်ငံရေးပါတီများသည် ဇန်နဝါရီလ ၁ ရက်နေ့ကပင် မတ်လ ၂၈ရက်နေ့အထိ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး တိကျလိုက်နာမှုမရှိသော မည်သည့်ပါတီမဆို အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်သွား​မည်ဟု နိုင်ငံရေးပါတီတည်ထောင်ခွင့် ဥပဒေသစ်တွင်ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး