Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်နိုင်​ပြီ ဖြစ်ကြောင်း စစ်ကောင်စီ UECမှ ထုတ်ပြန်

ABN-နွယ်စိုး

နိုင်ငံရေးပါတီ တည်ထောင်လိုသူများ အနေဖြင့် ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်မှ စတင်ကာ ရွေးကောက်ပွဲ ကော်မရှင်ရုံးထံ လာရောက် လျှောက်ထားနိုင်​ပြီးဖြစ်ကြောင်း UECမှ ထုတ်ပြန်လိုက်သည်ကိုတွေ့ရသည်။

UEC ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီများ ဆက်လက်ထူထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြုလုပ်နိုင်မည်​ပြီးဖြစ်ကြောင်းနှင့် ပါတီသစ်များအနေဖြင့်လည်း စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယခင် မှတ်ပုံတင်ထားပြီးသား နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုပါက (၂) လအတွင်း ပါတီ မှတ်ပုံပြန်တင်ရမည်ဟု ထည့်သွင်း ပြောထားသည်။

ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ် (၂၂)တွင် ကြေညာချက်ထုတ်ပြန်သည့်နေ့မှစကာ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်