Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်အုပ်ချုပ်ရေးသက်တမ်း ၆ လထပ်တိုး

နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်အုပ်ချုပ်ရေးသက်တမ်း ၆ လထပ်တိုး

ABN- ဟိန်းထွန်း

ဇူလိုင် ၃၁ ရက်

ယနေ့ပြုလုပ်သည့်ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် နိုင်ငံတော်၏လုံခြုံရေးအတွက် လိုအပ်ချက်များရှိနေသေးသည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းကိုယ်တိုင် စစ်အုပ်ချုပ်ရေး ၆ လသက်တမ်းထပ်တိုးလိုက်ကြောင်းသိရသည်။

ထိုအစည်းအဝေးသို့ ဒုသမ္မတ ဟင်နရီဗန်ထီးယူ နှင့် ဒုသမ္မတ နှစ်ဦးလည်း တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဟင်နရီဗန်ထီးယူသည် ယခင်အစိုးရလက်ထက်က ဒုသမ္မတတစ်ဦးဖြစ်ပြီး မင်းအောင်လှိုင်၏ဖိအားကြောင့် ကာလုံအစည်းအဝေးသို့တက်ရောက်လာကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထူးထူးခြားခြားပြောဆိုခဲ့ခြင်းမရှိခဲ့ဘဲ တိုင်ပြည်မငြိမ်မသက်ဖြစ်နေသောအချိန်မှာ လုပ်စရာများကျန်ရှိနေသေးကြောင်းပြောကာ ၎င်း၏အာဏာကို ထပ်မံတိုးရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။

စစ်ခေါင်းဆောင်သည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး စစ်အုပ်ချုပ်ရေးဖြင့် ၂ နှစ်အုပ်ချုပ်ကာ ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း နိုင်ငံ၏ မတည်ငြိမ်သည့်ကိစ္စများကြောင့် အရေးပေါ်ကာလအဖြစ် စစ်အုပ်ချုပ်ရေးသက်တမ်း ၆ လတိုးမြင့်ခဲ့ပြီး၊ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင်သက်တမ်းကုန်ဆုံးပြီး နိုင်ငံတော်ထံသို့အာဏာ အပ်နှံရမည်ဖြစ်ပြီး ဆက်လက်ထိန်းထားရန်လိုအပ်သေးသည့်အတွက် နောက်ထပ် ၆ လတိုးမြင့်ရာ ဒုတိယအကြိမ်မြောက် အာဏာကိုလုထားသူဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ဥပဒေပြဌာန်းချက်မှာ နိုင်ငံတော်၏အရေးပေါ်ကာလသက်တမ်းတိုးမှုကို ၁ နှစ်သတ်မှတ်ကာ ၆ လ နှစ်ကြိမ်သက်တမ်းတိုးခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ တွင်ကာလုံအစည်းအဝေးကျင်းပခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းပြည်အခြေအနေမှာ တည်ငြိမ်အေးချမ်းမှုနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့်အတွက်ကြောင့် ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်ဟု တင်ပြခဲ့ရာ ယာယီသမ္မတ ဦးမြင့်ဆွေက ဥပဒေပုဒ်မ ( ၄၂၅) အရ ၎င်းအား အရေးပေါ်ကာလ ၆ လတိုးပေးခဲ့ကြောင်းတွေ့ရသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ တွင် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပရန် ၎င်းကိုယ်တိုင်အတိအလင်းပြောဆိုခဲ့သော်လည်းဘဲ ယနေ့အချိန်ထိ ပြုလုပ်ကျင်းပခဲ့ခြင်းမရှိသည့်အပြင် ဥပဒေသစ်ကိုရေးဆွဲပြီး မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေအရတရားဝင်တင်ထားသည့် နိုင်ငံရေးပါတီများအားလုံးကို ပြန်လည်အသစ်တင်ရန်လိုအပ်ပြီး၊ ရက်ပေါင်း ၆၀အတွင်း မှတ်ပုံတင်ပြန်မတင်လာသည့် မည်သည့်ပါတီမဆို အလိုအလျောက် ဖျက်စာရင်းထဲပါဝင်သွားဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC )မှ သတိပေးထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်တစ်ဝှမ်းတွင် တည်ဆဲဥပ​ဒေအရ နိုင်ငံရေးပါတီ ၉၀ ကျော်ရှိပြီး မှတ်ပုံတင်ထား​ခဲ့သော ပါတီ ၆၀ ကျော်ရှိရာ ၎င်းထဲမှ မှတ်ပုံပြန်မတင်သော ပါတီပေါင်း ၄၀ကို ပျက်သိမ်းခဲ့ကြောင်း မတ်လ ၂၈ ရက်ညနေပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ ၂၄ ရက်နေ့ထိ စစ်ကောင်စီလက်အောက်ခံ UEC ထံသို့ ပုဒ်ပု ၂၅ အရ ပါတီဟောင်းကို ပြန်လည်မှတ်ပုံတင်ထားသည့် ပါတီ ၅၀ ရှိကာ၊ ပါတီအဖြစ်ဆက်လက် ရပ်တည်ပေးထားသော နိုင်ငံရေးပါတီ ၃၀ ကျော်ရှိကြောင်းသိရသည်။

UEC ထံတွင် မှတ်ပုံတင်ရန် လျှောက်ထားခဲ့သည့် ရခိုင်မှ ပါတီများဖြစ်သော ဦးသာထွန်းလှ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် မြိုတိုင်းရင်းသားပါတီတို့ဖြစ်ပြီးကြောင်းသိရသည်။ ရခိုင်မှမှတ်ပုံတ်ထားသည့် ပါတီ ၆ ခုအထဲမှ ၅ ပါတီသာ နိုင်ငံရေးပါတီအဖြစ် UEC ကအသိမှတ်ပြုထားပြီး ANP ပါတီကို လက်ရှိအချိန်အထိ အတည်မပြုသေးကြောင်းတွေ့ရသည်။

စစ်အုပ်ချုပ်ရေးရေးကာလ တစ်သက်တလျောက်တွင် ကုန်စျေးနှုန်းများ၊ စားသုံးဆီ၊ စက်ဆီ နှင့် အခြားဆီများ၊ ဟင်းသီးဟင်းရွက်များအစရှိသည့် စားသုံးကုန်များသည် ၂ ဆထိ မြင့်မားခဲ့ပြီး ရွှေထည်ပစ္စည်းများလည်း တစ်ကျပ်သား ကိုသိန်း ၃၀ ကျော်အထိတက်လာခဲ့သည့်အတွက်ကြောင့် ပြည်သူများ စားသောက်မှုဖုံလုံရေးမရှိအောင် အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီး၊ အလုပ်လက်မဲ့လူများပိုများလာခဲ့ကာ နိုင်ငံအတွင်း မဒိန်းမှု ၊ခိုးမှု၊ လူသတ်မှု၊ ကြိုးဆွဲချမှု၊ မီးလောင်မှု များစွာဆက်တိုက်ပေါ်ပေါက်လာခဲ့ကြောင်း တွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံရေး မတည်ငြိမ်သည့်အချိန်တွင်ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာထွန်းလင်းတောက်ပမှုအား ပြသရန် ၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီးသာယာအေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်​တည်ဆောက်ထားသည်ဟုဆိုကာ “မာရဝိဇယ” ​ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ်ဇူလိုင်လ ၂၃ ရက်နေ့တွင် သန့်စင်မွေးဖွားသည့် ဆင်ဖြူတော် ရတနာ “ရဌနန္ဒက “တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေဖြင့်၂၀၀၀၀ တန်ငွေစက္ကူအသစ်ကိုထပ်မံထုတ်ဝေနိုင်ရန်အတွက် မြန်မာနိုင်ငံဗဟိုဘဏ်က အသိပေးထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်