Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်း၊ တစ်ချို့ကို ဖြုတ်၊ ပြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်း၊ တစ်ချို့ကို ဖြုတ်၊ ပြောင်း

ABN-ဟိန်းထွန်း

သြဂုတ် ၃ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပုဂ္ဂိုလ်တစ်ချို့ကိုဖြုတ်ပြီး ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာချက်တွင် တွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ၊ အမိန့်အမှတ် ၅၇/၂၀၂၃ ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအား တာဝန်ယူဆောင်ရွက်သွားမည့် ဥက္ကဋ္ဌအဖြစ် မင်းအောင်လှိုင်၊ ဒု-ဥက္ကဋ္ဌအဖြစ် စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် အောင်လင်းဒွေး နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ရဲဝင်းဦးတို့ဖြစ်ကြသည်။

၎င်းတို့နှင့်အတူ ပူးတွဲတာဝန်ဖွဲ့စည်းထားသော အဖွဲ့ဝင်များ အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ဒေါက်တာ မှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း နှင့် ဦးရန်ကျော်တို့ ပြန်လည် ပါဝင်လာကြောင်း နစက ၏ထုတ်ပြန်ချက်၌ တွေ့ရသည်။

ထို့အပြင် ကျန်းမာရေးကိစ္စနှင့် တာဝန်မှ အနားယူခြင်းခံရသည့် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး ၊အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်တို့ကို အနားယူခွင့်ပြုလိုက်ပြီး သာသနာရေးဝန်ကြီး ဦးကိုကို၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ကိုလည်း အနားယူခွင့် ပြုခဲ့ကြောင်းသိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့သို့ ၅၆/၂၀၂၃ ရက်စွဲ အမိန့်ဖြင့် ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောင်းရွှေ့တာဝန် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ထားကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ