Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံးကို ယခင်အတိုင်းသွားလာခွင့်ပြန်ဖွင့်

နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံးကို ယခင်အတိုင်းသွားလာခွင့်ပြန်ဖွင့်

ABN-ကိုဟိန်းထွန်း

ဇွန် ၁၁ ရက်

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်မှာ ပြည်တွင်းပြည်ပမှ ထောက်ပံ့ကူညီနေသည့် WFP, UNDP, NGO, INGO, ICRC နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအားလုံးကို ယခင်အတိုင်းပြန်လည်သွားလာခွင့်ပြုကြောင်း ယနေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့အားလုံးကို ခွင့်ပြုထားသည့်စာတွင် ရခိုင်ပြည်နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လိပ်မှုပါ NGO အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရန်ခွင့်ပြုချက်များအား ယခင်ခွင့်ပြုထားရှိသည့် ခွင့်ပြုစာအတိုင်းလုပ်ငန်းများဆောင်ရွက်ခွင့်ပြုကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းတွေ့ရသည်။

အဆိုပါအကြောင်းကြားစာ မိတ္တူကို တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းမြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှူးရုံး (ကျီးကန်းပြင်)၊ မောင်တောမြို့ တပ်ဖွဲ့ခွဲမှူး၊ သတင်းရဲတပ်ဖွဲ့၊ အမှတ် (၁၂) တပ်ဖွဲ့ခွဲမှူးရုံး၊ စစ်တွေမြို့ ကွပ်ကဲရေးမှူး၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ စစ်တွေမြို့ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (စစ်တွေ၊ အမ်း) မြို့ဟု တွေ့ရှိရသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း သွားလာထောက်ပံ့နေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံးကို အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ ရပ်ဆိုင်းလိုက်ကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့်အတွက် ပရဟိတ အဖွဲ့များအားလုံးလည်း ကူညီထောက်ပံ့မှုအချို့ကို ဖျက်သိမ်းခဲ့သည်။

လက်ရှိ ရခိုင်ပြည်တွင် မုန်းတိုင်းသင့်ပြည်သူ ၁ သန်းကျော်ထိခိုက်နစ်နာမှုရှိခဲ့ပြီး၊ အိမ်ခြေ ၂၁၆၆၈၈ (နှစ်သိန်းတစ်သောင်းခြောက်ထောင်ခြောက်ရာရှစ်ဆယ်ရှစ်ဆောင်ပျက်စီးခဲ့ရပြီး အမိုးအကာအောက်သို့ မရောက်ရှိကြသည့်ပြည်သူများရှိနေကြသေးသည်။

ရခိုင်ပြည်တွင်ကူညီထောက့်ပံ့ခြင်းမရှိသည့် နေရာများစွာရှိနေသေးပြီး၊ အမိုးအကာများလည်းအရေးတကြီးလိုအပ်လျက်ရှိကာ ဇွန်လအတွင်းပြုပြင်လိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ