Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံခြားခရီးသွားများ ကိုဗစ်ပိုးစစ်စရာမလိုဘဲ မြန်မာနိုင်ငံထဲ ဝင်ရောက်နိုင်ပြီ

မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်နေ့မှ စကာ မြန်မာနိုင်ငံထဲဝင်ရောက်လာမည့် နိုင်ငံခြားခရီးသွားများ ကိုဗစ်ပိုးရှိ၊မရှိကို စစ်ဆေးစရာမလိုတော့ဘဲ ဝင်ရောက်နိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀၊၂၁ခုနှစ်များအတွင်း ကိုဗစ်ပိုးကူးစက်မှုမှာ မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်ပိုးကူးစက်မှုမှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီး လက်ရှိအချိန်တွင် ရောဂါကူးစက်မှုနှုန်းမှာ ၁ ရာခိုင်နှုန်းအောက် ရော့နည်းသွားပြီဖြစ်သည့်အတွက်ကြောင့်နှင့် နိုင်ငံတကာမှာလည်း ကိုဗစ်ပိုးကူးစက်မှုမှာ လျော့နည်းသွားပြီဖြစ်သောကြောင့် ယခုလိုစစ်ဆေးစရာမလိုတော့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

သို့သော် ကယ်ဆယ်ရေးလေယာဉ်များနဲ့ပြန်ဝင်လာသော သူများ ထိုဖြေလျော့မှုတွင် မပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီမှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လမှစကာ နိုင်ငံတကာခရီးစဉ်များကို စစ်ကောင်စီမှ ပိတ်ပင်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှစကာ ပြည်ပခရီးစဉ်များကို ပြန်လည် ပြေးဆွဲရန် စစ်ကောင်စီမှ ဖွင့်ပေးခဲ့သည်။

လက်ရှိအချိန်တွင် အိမ်နီးချင တရုတ်နိုင်ငံတွင် နိုဝင်ဘာလလောက်မှ စကာ ကိုဗစ်ရောဂါ ကူးစက်မှုပြန်လည်ဖြစ်ပွားလျက်ရှိနေပြီး ရောဂါကူးစက်မှုနှုန်းမှာ အလွန်ပင်မြန်ဆန်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ