
ABN – ကိုဟိန်းထွန်း
စစ်ကောင်စီမှ ဇန်နဝါရီလ ၂ ရက်နေ့ကစပြီးရက်အကန့်သတ်မရှိပိတ်ထားခဲ့သော နိုင်ငံကူးလက်မှတ် (Passport ) ရုံးများကိုလာမည့် ဖေဖော်ဝါရီလ ၂၄ ရက် သောကြာနေ့ တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပသို့ ခရီးသွားလွယ်ကူစေရန်နှင့် အလုပ်အကိုင်ရရှိနိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် Passport ထုတ်ပေးခြင်းများကို ဖေဖော်ဝါရီလ ၂၄ နေ့တွင် ပြန်လည်စတင်တော့မည်ဖြစ်ရာ www.passport.govmm.Website မှ Online Boking စနစ်သစ်ဖြင့် မိမိကိုယ်တိုင်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်၌ တွေ့ရှိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် Online Booking စနစ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)၌ သာကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဥ်အတိုင်းပြန်လည် ဆောင်ရွက်ရွက်ပေးသွားမည်ဟုလည်း ပါရှိသည်။
ထို့အပြင် Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်းပေးချေ ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Online Booking လျှောက်ရန်အခက်အခဲရှိသူများ အနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မည်သူမဆိုလွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဥ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းများမပြုရန် အသိပေးနိုးဆော်ထားကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိပိတ်ခဲ့သည့် နိုင်ငံကူးလက်မှတ်ကြောင့် ရခိုင်ပြည်ကနေ ပြည်ပထွက်ခွာ၍ အလုပ်အကိုင်ရှာဖွေနေသူများမှာ အခက်တွေ့နေရသည်ဟု သိရှိရသည်။
