Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နယ်စပ်စခန်း ၅ခု ဆုတ်ခွာပေးရန် ထိုင်းတောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA တုန့်ပြန်

ABN-ရာဟု

ဇွန်လ ၂၂ရက်

မြန်မာ-ထိုင်း နယ်စပ် မျဉ်းတလျှောက်ရှိ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA စခန်း ၅ခု ဆုတ်ခွာပေးရန် ထိုင်းအစိုးရ၏ တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA ဘက်မှ ဇွန် ၂၁ရက်နေ့က တုန့်ပြန်ပြောဆိုလိုက်သည်။

တပ်စခန်းများမှာ ထိုင်းဘက်ခြမ်းတွင် တည်ရှိနေခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းတွင်သာ တည်ရှိနေခြင်းဖြစ်ကာ မိမိဒေသကို မိမိကာကွယ်ခြင်းသာဖြစ်သည်ဟု UWSA ပြောဆိုထားသည်။

ဇွန်လ ၁၉ရက်နေ့ တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ–ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် (Thai – Myanmar Township Border Committee -TBC) အစည်းအဝေးတွင် ထိုင်းအာဏာပိုင်များက မြန်မာအာဏပိုင်များထံသို့ UWSA စခန်း၅ခု ဆုတ်ခွာရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“တပ်စခန်း ဆုတ်ခွာရန် ထိုင်းနိုင်ငံအနေနှင့် ဖိအားပေးရန် မသင့်သလို စစ်ကောင်စီ ဘက်ကလည်း တောင်းဆိုစရာ မရှိဘူး” ဟု UWSA တောင်ပိုင်း ဆက်ဆံရေးရုံးမှ တာဝန်ရှိ သူတစ်ဦးကပြောဆိုထားသည်ဟု သိရသည်။

မြန်မာ – ထိုင်း နယ်စပ်တလျောက်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်စခန်းများကို ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံဖက်က ယခင်ကတည်းက တောင်းဆိုခဲ့သည်များရှိခဲ့သော်လည်း UWSA ဘက်ကဆုတ်ခွာပေးခဲ့ခြင်းမရှိခဲ့ကြောင့် သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ