သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နတ်အိမ်တောင်စခန်း စစ်ကူစစ်ကြောင်းကို PDF တပ်များ တိုက်ခိုက် (ရုပ်သံ)

AB News-သြဂုတ် ၆၊ ၂၀၂၅
ဒေဝီ

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့အရှေ့ခြမ်း၊ နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့ကြောင်း Kanbauk Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သြဂုတ် ၄ ရက် နေ့လယ်ပိုင်းက နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကင်းထောက်ယူထားသည့် ကော့လှိုင်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၄၅ မိနစ်ကြာ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားပြီး အထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများထံမှ ခမရ(၄၀၉) ဒင်နံပါတ်ပါ MA(4) သေနတ် ၁ လက်၊ ၆၀ မမဗုံးသီး ၄ လုံး၊ အီဂါနာဗုံးသီး ၂ လုံး၊ ကျည်ဘောက် ၇ ခုနဲ့ ကျည် ၁၀၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၇)တပ်ဖွဲ့၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း KTLA ၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း-၂ (YGF)တပ်ဖွဲ့၊ ဒေါနတပ်ခွဲ-၄ (KBDF)၊ ရာမညတပ်တော် (NMSP/AD၊RMA)တပ်ဖွဲ့နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်