သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး



‎AB News- သြဂုတ် ၆၊ ၂၀၂၅
‎ဒေဝီ

‎တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ အရှေ့ခြမ်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နတ်အိမ်တောင်စခန်းကို စစ်ကူအင်အား​ဖြည့်ရန်လာသည့် စစ်ကြောင်းကို PDF တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃)က ယမန်နေ့ သြဂုတ် ၅ ရက်က ထုတ်ပြန်ထားသည်။

‎ပြီးခဲ့သည့် သြဂုတ် ၄ ရက်နေ့က ကလိန်အောင်မြို့အရှေ့ခြမ်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အား ၆၀ ပါ စစ်ကြောင်းဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့မှ ကာကင်းယူထားသော တပ်ဖွဲ့ဝင်များနှင့် ကော့လှိုင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

‎ယင်းတိုက်ပွဲဖြစ်ပွားချိန်မှာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦး သေဆုံးကည ထိခိုက်ဒဏ်ရာရသူများသဖြင့် အထိနာပြီး ပြန်လည်တပ်ဆုတ်သွားကြောင်း သိရသည်။

‎ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ခမရ (၄၀၉) တပ်ရင်းနံပါတ်ပါ MA 4 တစ်လက်၊ ၆၀မမဗုံးသီး လေးလုံး၊ အီနာဂါဗုံးသီး နှစ်လုံး၊ ကျည်ဘောက် ခုနစ်ခုနှင့် ကျည် ၁၀၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း နည်းဗျူဟာ(၃၃)က ထုတ်ပြန်သည်။

‎အဆိုပါတိုက်ခိုက်မှုကို KNLAတပ်ရင်း ( ၂၇ )တပ်ဖွဲ့၊ ကော်သူလေးအာမီ( KTLA )တပ်ဖွဲ့၊ နည်းဗျူဟာ ( ၃၃) စစ်ဆင်ရေးတပ်ဖွဲဲ့၊ ဒေါနတပ်ရင်း -၂ (YGF) တပ်ဖွဲ့၊ ဒေါနတပ်ရင်း-၃ (KBDF)တပ်ဖွဲ့၊ ရာမညတပ်တော်(NMSP/ AD၊RMA)တပ်ဖွဲ့နှင့် မွန်ပြည်တော် လှန်ရေးတပ်(MSRF)တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎နတ်အိမ်တောင်နယ်စပ်စခန်းကို စစ်ကြောင်ထိုးလာသည့် တပ်ရင်းများတွင် စစ်ကောင်စီ၏ လက်အောက်ခံ ခလရ- ၂၈၂၊ ခလရ- ၂၇၃၊ ခမရ- ၄၀၈၊ ခမရ- ၄၀၉၊ ခမရ- ၄၁၀ တပ်ရင်းတို့ ပါဝင်သည်။

‎နတ်အိမ်တောင်စခန်းမှာ ထီးခီးဒေသ အရှေ့မြောက်ဘက်ခြမ်း၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်း ၁ခု ဖြစ်ကြောင်း သတင်းအရင်းအမြစ်များမှ သိရသည်။

‎KNU တပ်မဟာ ၄ ပူးပေါင်းတပ်သည် ထီးခီး၊ ထီးထ၊ ဘောဒီ၊ ငါးရံနီ၊ သုခ စသည့် စစ်ကောင်စီနယ်စပ်စခန်းများကို ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် တပ်စခန်းများကိုလည်း ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ