သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နခခ-၅ အတွင်း စစ်ကောင်စီတပ်သားများ ငွေကျပ်သိန်းပေါင်းများစွာ မီးရှို့၊ ဆုတ်ဖြဲ ဖျက်ဆီးထားခဲ့

AB News – ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ မောင်တောမြို့ ၊ မြို့သူကြီးရှိ နခခ ၅ အတွင်း စစ်ကောင်စီတပ်သားများသည် မြန်မာငွေကျပ်သိန်းပေါင်းများစွာ (ခန့်မှန်း သိန်း ၁၀၀၀ ကျော်) တို့အား မီးရှို့၊ ဆုတ်ဖြဲဖျက်စီး၍ ထားခဲ့သည်ကို မြေပြင်ကွင်းဆင်း သတင်းရယူခဲ့သည့် AB News သတင်းထောက်များက မြင်တွေ့ခဲ့ရသည်။

ဆုတ်ဖြဲ၍ ပစ်ထားခဲ့သည့် ကျပ်ငွေများမှာ တစ်သောင်းကျပ်တန်အများစုဖြစ်သည်ကို တွေ့ရပြီး အစုအပြုံလိုက် မီးရှို့ ဖျက်ဆီးထားသည့် ပြာပုံများကိုလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့က AB News သတင်းထောက်များ တွေ့ခဲ့ရသည်။

(ကျနော်တို့ နေရာတိုင်းတော့ မဝင်ရဲဘူး။ မိုင်းက နေရာတိုင်းမှာ ရှိနိုင်သေးတယ်။ လူသွားလမ်းနဲ့ စကစ အဖွဲ့တွေ နေခဲ့တဲ့ အဆောင်တွေကို လိုက်ကြည့်တဲ့ခါ အရာရှိတွေ နေခဲ့တဲ့အဆောင်လို့ ထင်ရတဲ့ အခန်းထဲမှာ ငွေ တစ်သောင်းတန်တွေ အများကြီး ဆုတ်ဖြဲထားခဲ့တာတွေ့တယ်။ ပြီးတော့ မီးရှို့ထားတဲ့ ပြာပုံတွေ တွေ့ပါတယ်။ ခန့်မှန်းခြေ သိန်းထောင်ချီမယ်ထင်ပါတယ်” ဟုပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော်က မောင်တောမြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွဲမည်ဟု ကြေညာပြီးနောက် မြို့တွင်းရှိ ဘဏ်များမှ ငွေများကို သိမ်းယူခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် အာရက္ခတပ်တော် AA က မောင်တောမြို့ကို ဝင်ရောက်ပြီး ပြည်သူများအား မကယ်ထုတ်နိုင်သေးမီ စပ်ကြား၌ စစ်ကောင်စီနှင့်အပေါင်းပါ အစ္စလာမ်မစ် အစွန်းရောက်လက်နက်ကိုင်အဖွဲ့များသည် ပြည်သူများထံမှ ငွေ၊ ရွှေထည်များအား အဓမ္မလုယက် ဓားပြတိုက်ခြင်း၊ နေအိမ်များဖောက်ထွင်း၍ တန်ဖိုးရှိ ပစ္စည်းများအား အဓမ္မယူခြင်းများရှိခဲ့ကြောင်း ဒေသခံများက AB News နှင့်အင်တာဗျူးများတွင် ဖြေထားသည်များလည်းရှိသည်။

“ကျမတို့ကြားသိရတာကတေ့ာ စစ်ကောင်စီတပ်သားတွေက မောင်တောမြို့ထဲက ပြည်သူတွေထံက ငွေတွေအများကြီးကို လုယူသွားတာတွေရှိတယ်။ ​ငွေသိန်းတစ်ထောင်လောက်ဆုတ်ဖြဲခံထားရတာကိုတေ့ာ ကျမတို့တွေ့ရှိရတယ်။ ကျန်တဲ့ငွေတွေကိုတေ့ာ မီးရှိုးသွားခဲ့တယ်လို့သိရတယ်။ အဲဒါက ဘယ်လောက်ထိရှိမယ်ဆိုတာကိုတေ့ာ ကျမတို့မသိရသေးဘူး” ဟုဆိုသည်။

အာရက္ခတပ်တော် AA သည် နခခ-၅ အား ၅၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် မြို့သူကြီး နခခ ၅ အထဲတွင် WFP မှ ဆန်အိတ် အမြောက်အများကိုလည်းတွေ့ရှိရသည်။ ထိုဆန်အိတ်များကို စစ်ကောင်စီတပ်သားများက ကာဗာကျင်းအဖြစ် အခန်းထဲတွင် ကာရံထားသည်ကို မြင်တွေ့ရသည် ဟု ၎င်းက ထပ်မံပြောသည်။

“ပြီးတေ့ာ WFP တံဆိပ်နဲ့ ဆိန်အိတ်ထောင်ချီကိုလည်းတွေ့ရတယ်။ အဲဒါတွေကို စစ်ကောင်စီတပ်သားတွေက ကာဗာကျင်းတွေအဖြစ်အသုံးပြုပြီးတေ့ာ အခိုင်အမာကာရံထားကြတယ်” ဟုဆိုသည်။

မောင်တောဒေသတွင် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့များနှင့် နခခ-၅ အတွင်းမှ ထွက်ပြေးလွတ်မြောက်နေသေးသည့် စစ်ကောင်စီအဖွဲ့တို့အား အာရက္ခတပ်တော်က လိုက်လံရှာဖွေ ရှင်းလင်းနေသေးကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး