သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နခခ ၅ မှ ထွက်ပြေးလွတ်မြောက်​နေသည့် စစ်ကောင်စီအဖွဲ့ဝင်က ပြည်သူတစ်ဦးအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်၍ အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

AB News – ဒီဇင်ဘာ ၁၂ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်နခခ ၅ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများပစ်ခတ်လိုက်သည့် လက်ပစ်ဗုံးစထိမှန်၍ အရပ်သားပြည်သူ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News က ကွင်းဆင်း​တွေ့ရှိရသည်။

ယနေ့ ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ၊ ညနေပိုင်း ၂ နာရီခွဲ အချိန်ခန့်တွင် ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသည် မောင်တောမြို့နယ်၊ ကံသာယာကျေးရွာသို့ ဝင်ရောက်ပြီး ရွာရှေ့ ရေကန် တွင် ရေခတ်ဆင်းလာရာ ရွာသားများနှင့်တွေ့၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဗုံးစထိမှန်မှုကြောင့် အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူ ထွန်းနုဖြူက AB News သို့ပြောသည်။

” နခခ ၅ က ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်သား ၁ ​ယောက်ပါ။ သူက ကျနော်တို့ ရွာရှေ့က ကန် ကိုရေခတ်ဖို့ဆင်းတာ။ ကျနော်တို့နဲ့တွေ့တော့ ကျနော်တို့ကို “ဦလေး…ဦးလေး “လို.ခေါ်တယ် ။ ပြီးတေ့ာ လက်ပစ်ဗုံးနဲ့ကျနော်တို့ကို ပစ်ဖို့ပြင်နေတဲ့အခါမှာ လက်ကအပင်မှာထိပြီးတေ့ာ သူ့အနားမှာပဲ ပေါက်ကွဲသွားပြီး သူလည်းအဲဒီနေရာမှာသေသွားခဲ့တယ်၊ ကျနော်လည်း ဒဏ်ရာရသွားပါတယ်” ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ ကံသာယာကျေးရွာမှ အဖ ဦးပန်းအောင်၏သား အသက် ၄၅ နှစ်အရွယ် ဦးထွန်းနုဖြူဖြစ်သည်။

၎င်းသည် အကြမ်းဖက်စစ်ကောင်စီတပ်သား ပစ်ခတ်လိုက်သည့် လက်ပစ်ဗုံးစကြောင့် ဘယ်ဖက်ခြေထောက်နှင့် ဦးခေါင်းတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက် ၊ နံနက် ၉ နာရီခွဲအချိန်တွင် အာရက္ခတပ်တော် AA က မြို့သူကြီးရှိ နခခ ၅ ကိုသိမ်းပိုက်စဥ်အတွင်း စစ်ကောင်စီတပ်သားအများအပြား ဖမ်းဆီးရမိခဲ့ပြီး ၊ အလောင်း ၄၅၀ ကျော်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိခဲ့သည်။

အာရက္ခတပ်တော် AA က မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သော်လည်း မြို့သူကြီးနခခ ၅ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားအချို့နှင့် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ တို့ မောင်တောမြို့နယ်တွင် ဆက်လက်ရှိနေဆဲ ဖြစ်သောကြောင့် အာရက္ခတပ်တော်နှင့် ၎င်းတို့ကြား တိုက်ပွဲ ဆက်လက်ရှိနေဆဲဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ