Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားခဲ့ရသည့် KNC ဥက္ကဌ ဒေါက်တာအမ်ကောန်လ ပြန်လွတ်လာ

ABN – မေအိအိအောင်

စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ထချခံထားရသည့် ကချင်အမျိုးသားကွန်ရက် (KNC) ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လသည် ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာ ကြောင်းသိရသည်။

KNU ဥက္ကဌ၊ ( ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့၏ ခေါင်းဆောင်) ဒေါက်တာ အမ်ကောန်လသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်ခြင်းခံခဲ့ရပြီး မြစ်ကြီးနား အကျဥ်းထောင်တွင် အကျဥ်းချခံခဲ့ရကာ ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် တခြားအကျဉ်းသားများနှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ရခိုင်တွင် ယနေ့ အကျဥ်းထောင်အသီးသီးမှ ၃၁၉ ဦးလွတ်မြောက်လာသော်လည်း ထိုအထဲတွင် နိုင်ငံရေးအကျဥ်းသားများပါဝင်ခြင်း မရှိကြောင်း သိရသည်။

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားခဲ့ရသည့် KNC ဥက္ကဌ ဒေါက်တာအမ်ကောန်လ ပြန်လွတ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်