Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထန်တလန်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်စိုးရိမ်သဖြင့် စာသင်ကျောင်းများ အားလုံးကို ရက်အကတ်အသန့်မရှိ ပိတ်ကြောင်း ထုတ်ပြန်

ABN-မေအိအိအောင်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စာသင်ကျောင်းများအားလုံးကို စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ် စိုးရိမ်သည့်အတွက် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု ထန်တလန်ရှိ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ပညာရေးဌာနမှ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယမန်နေ့ ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ဟားခါးမြို့နယ်နှင့် ထန်တလန် မြို့နယ်များတွင် စစ်ကောင်စီကင်းထောက်လေယာဥ် ပျံသန်းခဲ့သဖြင့် ပြည်သူလူထုများစိုးရိမ်ထိတ်လန့်မှုများရှိခဲ့သည့်အပြင် စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်ကိုစိုးရိမ်သည့်အတွက် စာသင်ကျောင်းများအားလုံးကို ပိတ်ထားခြင်ဖြစ်သည်ဟု ထန်တလန်မြို့နယ် ကြားကာလ ပြည့်သူ့အုပ်ချုပ်ရေး ပညာရေးမှုး Salai Cross Than ပြောကြောင်းသိရသည်။

ထို့အပြင် ထန်တလန်မြို့နယ်အတွင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ပညာရေးဌာနမှ ကျောင်းပြန်ဖွင့်သည့် ထုတ်ပြန်ချက်ကို မကြေညာမချင်း စာသင်ကျောင်းများကို ဆက်လက်ပိတ်ထားမည်ဟု ၎င်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထန်တလန်တွင် ပြီးခဲ့သည့် ၂၀၂၂ မေလက အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ချင်းပြည်ဒေသခံကာကွယ်‌ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ခဲ့ပြီး အိမ်ခြေ ၁၀၀၀‌ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ လူပေါင်းသောင်းကျော် အိန္ဒိယနိုင်ငံ ၊ မီဇိုရန်ပြည်နယ်တွင် စစ်ဘေး‌ရှောင်နေခဲ့ရသည်။

ထန်တလန်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်စိုးရိမ်သဖြင့် စာသင်ကျောင်းများ အားလုံးကို ရက်အကတ်အသန့်မရှိ ပိတ်ကြောင်း ထုတ်ပြန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ