သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တော်လှန်‌ရေးသတိဖြင့် အာရက္ခအိပ်မက်ကို အကောင်အထည်ဖော်ရန် ညီနောင် ၂ ဖွဲ့ ဆန္ဒပြု

AB News – ဧပြီ ၁၀၊ ၂၀၂၅

တော်လှန်‌ရေးသတိဖြင့် အာရက္ခအိပ်မက်ကို လျှင်မြန်စွာ အကောင်အထည်ဖော်ရန် ညီနောင်မဟာမိတ် ၂ ဖွဲ့ဖြစ်သည့် MNDAA နှင့် TNLA တို့မှ အာရက္ခတပ်တော်၏ ၁၆ နှစ်ပြည့် နှစ်ပတ်လည်အထိမ်း အမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတူတကွတိုက်ပွဲများဖော်ဆောင်နေခြင်းသည် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် များစွာအထောက်အကူဖြစ်ပြီး မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ပြောဆိုထားသည်။

အာရက္ခအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေသော အာရက္ခအာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များ၊ နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းပါဝင်ကြသည့် ပြည်သူလူထုများကို လေးစားဂုဏ်ယူကြောင်း ပြောဆိုထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ကမကထပြု၍ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာ့လက်နက်ကိုင် တော်လှန်ရေး၏ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးစစ်ဆင်ရေးတစ်ခုဖြစ်ခဲ့ပြီး ပြည်သူလူထု ထောက်ခံမှုများနှင့်အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည့် ခြေလှမ်းများဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် အခက်အခဲ ဖိအားပေါင်းစုံကို အတူတကွဖြတ်ကျော်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးပါ စီမံချက်များနှင့်အတူ တော်လှန်ရေးအောင်ပွဲရရှိသည့်တိုင်အောင် စည်းလုံးညီညွတ်သွားမည်ဟု ကတိပြုကြောင်း သဝဏ်လွှာတွင် ပါရှိ သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ