Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ဥက္ကလာပရဲစခန်းတွင် ရဲတပ်သားက စခန်းမှူးကိုသေနတ်ပစ်ခတ်မှုဖြစ်ပွား

တောင်ဥက္ကလာပရဲစခန်းတွင် ရဲတပ်သားက စခန်းမှူးကိုသေနတ်ပစ်ခတ်မှုဖြစ်ပွား

ABN-ရာဟု

ဇူလိုင် ၁၉ရက်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ မြို့မရဲစခန်းမှ စခန်းမှူးကို ဇူလိုင် ၁၈ ရက်နေ့တွင် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

စခန်းမှူးလင်းကိုကိုထွန်းအား တပ်သား အာကာစိုး ဆိုသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ပစ်ခတ်ခံရသည့် စခန်းမှူးမှာ ဒဏ်ရာများပြင်းထန်ကာ အခြေအနေ စိုးရိမ်ရသည်ဟု သိရသည်။

စခန်းအတွင်းရှိ တပ်သားများ တန်းစီသည့်အချိန်တွင် မရောက်ရှိသဖြင့် ရဲတပ်သား အာကာစိုးကို စခန်းမှူးက ကင်းစောင့်ရန်ခိုင်းစေရာ ငြင်းဆန် စကားများရာမှ သေနတ်ဖြင့် စခန်းမှူးညာနားထင်ကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် စခန်းမှူး လင်းလင်းထွန်းသည် နားထင်ကို သေနတ်ထိမှန်ခဲ့သည့် ဒဏ်ရာကြောင့် အသက်အန္တရာယ်စိုးရိမ်ရ အခြေအနေရှိပြီး လက်ရှိတွင် မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ရဲတပ်သား အာကာစိုးအား တောင်ဥက္ကလာပရဲစခန်းတွင် ဖမ်းဆီးထားကာ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ