သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် တစ်ရက်အတွင်း မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ လူငယ်တစ်ဦး နှင့် ကလေးတစ်ဦးဒဏ်ရာရ
ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော်က မိုင်းအန္တရာယ်အသိပေး ဆိုင်းဘုတ်

AB News – ဧပြီ ၁၁၊ ၂၀၂၅

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင်မြေမြှပ်မိုင်းနင်းမိသောကြောင့် ကလေး ငယ်တစ်ဦးနှင့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် လူငယ်မှာ တောင်ကုတ်မြို့မှ အသက် ၂၂ နှစ်အရွယ် ကိုခန်စန်းမောင်ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် စစ်ကောင်စီ၏ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဟောင်းအနီး ဟင်းသွားရှာစဥ် မိုင်းနင်းမိသဖြင့် ညာဖက်ခြေထောက်ပြတ်ထွက်ခဲ့သည်။

အလားတူ တောင်ကုတ်မြို့နယ်၊ ဝက်ပြဲကျေးရွာမှ အသက် (၁၀ နှစ်) အရွယ် မချစ်စုမှာ ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီကျော်အချိန်တွင် ဖခင်ဖြစ်သူနှင့် ရွာအနီးတောင်ပေါ်သို့ ဟင်းရှာသွားစဥ် မိုင်းနင်းမိသဖြင့် ညာဖက်ခြေထောက် ပြတ်ထွက်ခဲ့သည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများက ဆိုကြသည်။

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကျန်မြေမြှပ်မိုင်းနှင့် ဗုံးသီးပေါက်ကွဲမှုများကြောင့် ပြည်သူများမှာ အသက်ဆုံးရှုံးမှုအပါအဝင် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရကြောင်း ရက္ခိုင်ပြည်မှ လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ