Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွက်ခိုင်နယ်တွင် ကလေး ၁ဦးအပါဝင် ၂ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရ

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၇ရက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာတွင် ကလေး ၁ဦးနှင့် အမျိုးသမီး ၁ဦးသေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသတွင်းသတင်းများအရသိရသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၇ နာရီအချိန်က နမ့်ဖက်ကာတွင် တပ်ဆွဲထားသည့် စစ်ကောင်စီ (၁၂၃)တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ပြီး၊ နမ့်ဖက်ကာ ရပ်ကွက်(၄)ထဲ ၄ လုံးထက်မနည်း ကျရောက်ပေါက်ကွဲကာ ၂ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများမှာ အသက်(၇)နှစ်အရွယ် မထုက ဖြစ်ပြီး ၎င်းသည် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နန်းဘောက် (၃၀နှစ်)မှာ ပြင်းထန်ဒဏ်ရာဖြင့် နမ့်ဖက်ကာဆေးရုံတွင် သေဆုံးသွားဟုသိရသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိထားသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ နမ့်ဖက်ကာဆေးရုံတွင် ကုသမှုခံယူနေရပြီး ထိုအထဲတွင် အသက်(၆)နှစ်အရွယ် ကလေး ၁ ဦးပါရှိသည်ဟု သိရသည်။

ယနေ့မနက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း စစ်ဆင်ရေး ကြေညာထားပြီး ကိုးကန့်ဒေသ ချင်းရွှေဟော်ကို ယနေ့မနက်က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဖက်မှ အကျအရှုံးများနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ