Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲပြင်းထန်နေသည့် ဘူးသီးတောင် နှင့် မောင်တောတွင် ညမထွက်ရအမိန့် ULA/AA ထုတ်ပြန်

ရက္ခိုင်ပြည်၊ မြို့နယ် ၄ ခုတွင် တိုက်ပွဲများပြင်းထန်နေသော်လည်း ဘူးသီးတောင်နှင့် မောင်တော မြို့နယ် ၂ ခုအား ညမထွက်ရအမိန့်ကို ULA/AA ကယနေ့တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် အာရက္ခပြည်သူလူထုတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသော အကြမ်းဖက်လုပ်ရပ်များအား ဘူးသီးတောင်နှင့် မောင်တော ဒေသများ၌ ဆက်တိုက်ပြုလုပ်လာသောကြောင့် အဆိုပါဒေသများ၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့မှစ၍ ည (၇) နာရီ မှ နံနက် (၆) နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း AA ကဆိုသည်။

ဤညမထွက်ရအမိန့်အား ထုတ်ပြန်လိုက်သည့်နေ့မှစ၍ ထုတ်ပြန်ချက်အား ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း ဘူးသီးတောင်နှင့်မောင်တောဒေသတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာကြပါရန် အသိပေးမေတ္တာရပ်ခံထားကာ လိုက်နာရန် ပျက်ကွက်သူများရှိပါက ထိုက်တန်သော အပြစ်ပေး အရေးယူမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အကယ်၍ မိဘပြည်သူများအနေဖြင့် မဖြစ်မနေသွားလာ ရမည့်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြပါရန် AA ကဆိုထားသည်။

အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများမှာ ပိုမိုပြင်းထန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ