Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲကြောင့် ယာယီပိတ်လိုက်ရသည့် မြဝတီ -မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကိုပြန်ဖွင့်

တိုက်ပွဲကြောင့် ယာယီပိတ်လိုက်ရသည့် မြဝတီ -မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကိုပြန်ဖွင့်

ABN-ရှိုင်းမိုး

ယနေ့နံနက်ပိုင်းက တိုက်ပွဲကြောင့် ယာယီပိတ်ထားလိုက်ရသည့် မြဝတီ – မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကို နေ့လည် ၁၂ နာရီအချိန်က ပြန်လည်ဖွင့်လိုက်လိုက်သည်ဟုသိရသည်။

ထိုတံတားကို ပြန်လည်ဖွင့်လိုက်သော်လည်း ထိုင်းစစ်တပ်ဖက်မှ တံတားအနီးနားနှင့် တံတားအောက်တွင် လုံခြုံရေးယူထားကြကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီဖက်မှ ရဟတ်ယာဥ် ၂စီးဖြင့် လေကြောင်းတိုက်ခိုက်သောကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်အတွင်းရှိ ရုံးခန်းအချို့မီးလောင်းပျက်စီးမှုများရှိခဲ့သည်။

ထိုတံတားသည် ယနေ့နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသောကြောင့် ထိုင်းအာဏာပိုင်များက ယာယီပိတ်လိုက်သည်ဟုသိရသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း ဒေါတမကြီးအုပ်စုမှ ကရင်နီတပ်ပေါင်းစု နှင့် စကစ တို့ ၅ရက်ကြာ တိုက်ပွဲဖြစ်ပွားကြပြီး စစ်ကောင်စီဘက်မှ အကျဆုံးများကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ