Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တအောင်းပြည်နယ်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ထောင်ချီ ထွက်ပြေးနေရ

တအောင်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ရဟတ်ယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

တအောင်းပြည်နယ် နမ့်ဆန်မြို့နယ်ရှိ ဟူးမန်းကျေးရွာနှင့် ကုန်းသာကျေးရွာအနီးတို့တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ စကာ စစ်ကောင်စီတပ်က စစ်ရဟတ်ယိုင် ၅ စီးထိ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ထိုဒေသရှိ ရွာသူ ရွာသား ၁၄၀၀ ကျော်တို့မှ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီမှာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ကုန်းသာ ကျေးရွာမှ ရွာသားများမှာ ရွာလုံးကျွတ် ထွက်ပြေးသွားကြသော်လည်း ထွက်ပြေးရန် မဖြစ်နိုင်သည့် သက်ကြီးရွယ်အိုများ ကျေးရွာတွင်းတွင် ပိတ်မိ ကျန်နေခဲ့ကြကြောင်း TNLA သတင်းပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဥ်များဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာမှ (၂၁၉) ဦး၊ ဟူးမန်းရွာမှ (၈၃၈) ကျော်၊ မန်လုံးရွာမှ (၃၅၄) ဦးနှင့် တာလတ်ရွာမှ (၈၀) ကျော် စုစုပေါင်း ဒေသခံ (၁၄၉၀)ကျော် အိုးအိမ်စွန့်ခွာပြီး နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လက်ရှိအချိန်တွင် ကုန်းသာရွာတွင် တပ်စွဲ နေထိုင်လျက်ရှိပြီး ထိုရွာမှ လူနေအိမ် ၅ အိမ်နှင့် ဘုန်းတော်ကြီးကျောင်းမှ သံဃာ့ဆွမ်းစားကျောင်း ၁ ‌ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

တအောင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား ဒီဇင်ဘာ ၇ ရက်နေ့မှ ယနေ့အထိ ၅ ရက်တိုင် နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ