Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တအာင်းပြည်တွင် TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

( စစ်ကောင်စီ၏ စခန်း ၂ ခုနှင့် စစ်ကား ၄ စီးအား TNLA သိမ်းဆည်းထား)

AB News – နိုဝင်ဘာ ၅ ရက်

တအာင်းပြည်တွင် TNLA နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်မှ စခန်း ၂ခု နှင့် စစ်ကား ၄ စီးအား TNLAက သိမ်းဆည်းထားကြောင်း ထုတ်ပြန်သည်။

ယနေ့ နံနက် ၆နာရီတွင် သိမ်းပိုက်ရရှိသည့် စခန်းများမှာ ( ၁) တအာင်းပြည်နယ်၊ တပ်မဟာ (၃)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ မန်ဝင်တပ်စခန်း နှင့် တပ်မဟာ(၄) စစ်ဒေသ၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်း တို့ဖြစ်ကြသည်။

ထို့အပြင် လားရှိုးနှင့် သိန္နီကြား (၁၄ မိုင် နှင့် ၁၅မိုင်)ကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကူလာပေးသည့် စစ်ကောင်စီ စစ်ကား ၄ စီးကို တအာင်းတပ်မတော် PSLF/ TNLA မှ ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

ထိုစခန်းမှ လက်နက် ၂ လက် နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း ရရှိခဲ့သည်ကြောင်း တွေ့ရသည်။

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းတိုက်ပွဲဝင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တစ်ခြားမဟာမိတ်များ နှင့် ကလေးမြို့နယ် ကလေး-တမူးလမ်း တောင်ကြားများတွင် တိုက်ပွဲပြင်းထန် နေသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ