Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တအာင်းတွင် စာသင်ကျောင်းပေါင်း ၅၅၀ကျော် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည့်အတွက် CDM ဆရာမများအပါအဝင် သင်ကြားရေးဆရာမများခေါ်ယူ

AB News – မတ်လ ၁၀၊ ၂၀၂၄

တအာင်းပြည်နယ်အတွင်း အခြေခံပညာရေးကျောင်းပေါင်း ၅၅၀ ကျော် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည့်အတွက် CDM ဆရာမများအပါအဝင် သင်ကြားရေးဆရာမများခေါ်ယူနေကြောင်း တအာင်းအမျိုးသား ပညာရေးကော်မတီ TNEC မှ ယမန်နေ့ မတ်လ ၉ရက်​နေ့ကထုတ်ပြန်လိုက်သည်။

“မိဘပြည်သူများအတွက် လိုအပ်နေသည့် အခြေခံပညာကျောင်းပေါင်း (၅၅၀)ကျော်တို့ကို သင်ကြားရေးဆရာ/မများ ရရှိနိုင်မှုအပေါ် မူတည်ပြီး ဖွင့်လှစ်သွားမည်” ဟု ထုတ်ပြန်ထားသည်။

ထိုအစည်းအဝေးတွင် TNEC ၏ အခြေခံပညာကျောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး၊ အဆင့်မြင့်ပညာရေး ကျောင်းများ အား တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ခိုင်မာသည့် တက္ကသိုလ်ဖြစ်ပေါ်လာရေး၊ ရှေးဦးကလေးသူငယ်ပညာရေးအား မြှင့်တင်ဖွင့်လှစ် နိုင်ရေးတို့ အပါအဝင် TNEC ဖက်ဒရယ်ပညာရေးမူဝါဒ၊ မိခင်ဘာသာစကားအခြေပြုပညာရေးမူဝါဒ စသည်တို့ကို ချမှတ်နိုင် ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် TLEC ကျောင်းတွင် ပြည်သူနှင့်အတူ ရပ်တည်သည့် နိုင်ငံတစ်ဝှမ်းလုံးရှိ CDM ဆရာ/မများကိုသာ ဆက်လက် ဖိတ်ခေါ် သွားမည် ဖြစ်သည်။

တအာင်းဒေသအတွင်းရှိ CDM ဆရာ/မများအနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအား အသုံးပြုပြီး ဒေသပညာရေးတည်ဆောက်မှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ် ပါသည်။ အခြေခံပညာ ဖြေဆိုပြီးမြောက်သည့် လူငယ်မောင်မယ်များကို TLEC တွင် ပညာရေးဝန်ထမ်းအဖြစ် ပါဝင်ပေးကြပါရန် ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၃ – ၂ဝ၂၄ ပညာသင်နှစ်တွင် TLEC မှ ဦးစီးဖွင့်လှစ်ထားသော ကျောင်းပေါင်း (၃၈၁) ကျောင်းကို သင်ကြားရေး ဆရာ/မ (၁၅၀၀)ကျော်ဖြင့် သင်ကြားပေးနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၄- ၂၀၂၅ ခုနှစ်တွင်  သင်ကြားပေးသွားမည့်အဆိုပါကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းများလည်း ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံထားသည်ကိုတွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ