Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တအာင်းတွင် စစ်ကောင်စီက စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်၊ ကျောင်းဆရာ/မ ၅ ဦးသေဆုံးပြီး ၆ ဦးပြင်းထန်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၈၊ ၂၀၂၄

ယမန် နေ့ ဇန်နဝါရီ ၇ ရက် တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ  တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်မြိုနယ်၊ မြိုသစ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲမှ လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် ဒုတိယအကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆရာ/မ ၅ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

နမ့်ဆန်မြိုနယ်၊ မြိုသစ်ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ ၇ ရက်၊ နေ့လည် ၂နာရီ ၃၅မိနစ် အချိန်တွင် စစ်ကောင်စီအဖွဲမှ Jet fighter ဖြင့် (၂) ကြိမ်၊ ဗုံး (၅)လုံးဖြင့် ကျေးရွာတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာ စာသင်ကျောင်းနှင့် လူနေအိမ်များတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

စာသင်ကျောင်းတွင် ကျရောက်ပေါက်ကွဲမှုကြောင့် TNEC  ကျောင်းဆရာ၊ ဆရာမများဖြစ်ကြသော လွေးလှာမျံမ်၊ လွေးနန်းဒီတ်၊ လွေးမိုးအေး၊ မိုင်းအမှူန်း နှင့် မိုင်းယဲထိုည် တို ၅ ဦး တိုသေဆုံးခဲ့သည်။

၎င်းအပြင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ယာအေနေ၊ ယာအေမို၊ ယာမူ၊ လွေးမျစိန်၊ တာဆိုမြတ် ၊ တာဆိုလွန်တို ၆ ဦး ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ထိုအပြင် စာသင်ကျောင်းနှင့် လူနေအိမ် ၇ ဆောင်မှာလည်းပျက်စီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင်လည်း ၎င်းမြိုသစ်ကျေးရွာသို အကြမ်းဖက်စစ််ကောင်စီအဖွဲမှ လေကြောင်းတိုက်ခိုက်မှု ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် ၂ ဆောင်မီးလောင်ပျက်စီးခဲ့ကာ လူနေအိမ် ၂၃လုံးလည်း ကျည်စထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ