Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရ

တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရ

ABN-ထက်မြတ်ခင်

ဩဂုတ် ၃၀ရက်

တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နှင့် TNLAတို့ ဩဂုတ်လ ၂၈/ ၂၉ရက်နေ့များတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု TNLA ၏သတင်းထုတ်ပြန်ချက်အရ သိရသည်

တအာင်းပြည်နယ် တပ်မဟာ(၁)နှင့် တပ်မဟာ(၅)စစ်ဒေသဖြစ်သည့် မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့ တနေ့အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တို့ တိုက်ပွဲ(၃)နေရာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးအလုံးရေ (၆၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ် တပ်မ(၉၉)လက်အောက်ခံ ခမရ – ၄၂၀၊ ၄၁၇ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့သည် တအာင်းတပ်မတော်ရှိသည့် လွယ်တယ်မိန်းတောင်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တအာင်းတပ်မတော်နှင့် နားထန်အနီးတွင်တစ်ကြိမ်၊ ညနေ၅နာရီ၄၅အချိန်တွင် စယ်လန်းကျေးရွာအနီးတွင်တစ်ကြိမ် တိုက်ပွဲ(၂)နေရာဖြစ်ပွားခဲ့သည်။

ထို့အပြင် တအာင်းတပ်မတော် တပ်မဟာ(၅)စစ်ဒေသဖြစ်သည့် ကွတ်ခိုင်မြို့နယ် TNLA ရှိရာ လွယ်နောတောင်သို့ စစ်ကောင်စီတပ်လက်အောက်ခံ စကခ – ၁၇၊ ခမရ – ၅၇၇၊ ရမခ/ခရလ – ၄၅ တို့ထိုးစစ်ဆင်လာသဖြင့် နေ့လည်၁၁နာရီအချိန်က ခိုမုန်းကျေးရွာအနီးတွင် တအာင်းတပ်မတော်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ စစ်ကောင်စီမှ နမ့်ဖက်ကာ တပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီး အကြိမ်(၂၀)၊ ၁၀၅ မိုင်တပ်စခန်းမှ (၁၅)ကြိမ်နှင့် လွယ်ကျလော့စခန်းမှ အကြိမ်(၃၀)ကျော် စယ်လန့်ရွာစေတီတောင်နှင့် စယ်လန့်ရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ညနေ(၅း၄၀)အချိန်တွင် တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် စယ်လန့်စေတီတောင်သို့ ဗုံး ၈ လုံး လာရောက်ကျဲချခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာရှိ ဒေသခံများ၏ နေအိမ်များနှင့် လူထိခိုက်မှုရှိခဲ့ပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအရှုံးများစွာ ရှိကြောင်း TNLA ကဆိုသည်။

တအာင်းတပ်မတော်နှင့် စစ်ကောင်တပ်အကြား ယခုလ သြဂုတ်လ (၂၉)ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း (၁၈)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ