Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်အကူညီဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တို့ နိုင်ငံရေးအရဖြေရှင်းရန် ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ ထုတ်ပြန်

AB News-ဒီဇင်ဘာ ၁၂၊ ၂၀၂၃

အာဏာရှင်အမြတ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့တို့ တရုတ်အကူညီဖြင့် နိုင်ငံရေးအရဖြေရှင်းရန် ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီအဖွဲ့ ဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်းက ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA၊ TNLA၊ AA တို့မှ တာဝန်ရှိသူများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ပါရှိသည်။

စစ်ကောင်စီအဖွဲ့၏ ဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်းက “ကျနော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနှင့် MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိတဲ့လူတွေဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာမူတည်ပြီး ဖြစ်ပေါ် တိုးတက်မှုအပေါ် မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ် ” ဟု ပြောခဲ့သည်။

သို့သော်လည်း တဖက်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖက်မှ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတရာ ထုတ်ပြန်ပြောဆိုခြင်း မပြုသေးသည်ကို တွေ့ရသည်။

စစ်ကောင်စီအဖွဲ့သည် နိုင်ငံအနှံ့တိုက်ပွဲများတွင် အကျအရှုံးများနေပြီး၊ စစ်ကောင်စီအဖွဲ့၏ ဗျူဟာကုန်းများ၊ စခန်းများမှာလည်း တစ်ခုပြီး တစ်ခု လက်လွှတ် ဆုံးရှုံးလျက်ရှိသည်။

ပလက်ဝတွင်လည်း နယ်စပ်ဗျူဟာကုန်း ၂ ခုဖြစ်သည့် တရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့အား ရက္ခိုင့်တပ်တော်က အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တပ်တော်က ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ