Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်နယ်စပ် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား

တရုတ်နယ်စပ် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား

ABN-ထက်မြတ်ခင်

ဩဂုတ် ၂၉ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် စစ်ကြောင်း(၅)ခုဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ဩဂုတ်လ(၂၈)ရက်နေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု ဒေသတွင်းသတင်းများအရသိရသည်။

စစ်ကောင်စီ တပ်မ(၉၉)လက်အောက်ခံ (၄၂၁)၊ (၄၂၃)၊ (၅၇၇)စစ်ကြောင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်သည့် ရှောင်ဟော်၊ လုံထန်၊ မြို့မ (၁၊၂၊၃)အဖွဲ့တို့သည် စစ်ကြောင်း(၅)ကြောင်းဖြင့် TNLAရှိရာသို့ ထိုးစစ်ဆင်လာပြီး နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲအထိ တရုတ်နယ်စပ်အနီး ခိုမုန်းကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ၎င်းတို့တပ်စွဲထားသည့် နမ့်ဖက်ကာ(၁၂၃)တပ်မှ တိုက်ပွဲဖြစ်ပွားရာ ခိုမုန်းကျေးရွာအနီးသို့ (၁၀၀)မမ လက်နက်ကြီးဖြင့် (၈)ကြိမ်ထက်မနည်း ပစ်ကူခဲ့သည်။

ထို့နောက် စစ်ကောင်စီမှ လွိုင်တေးမိန်း တောင်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် တောင်ပေါ်ရှိ ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းသွားခဲ့သည်ဟုသိရသည်။

အဆိုပါ မီးလောင်သည့် လွိုင်တေးမိန်းတောင်ကဘုန်းကြီးကျောင်းဆောင်သည် ယခင်က ဘုန်းကြီး သီတင်းသုံး နေထိုင်ခဲ့သည့် သစ်သားကျောင်းဆောင်ဟောင်းဖြစ်ပြီး နှစ်ပေါင်း ၁၈ နှစ်ကြာ တည်ဆောက်ထားသည့် ကျောင်းဆောင်ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား ယခုလ ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၅ ကြိမ်ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ