Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်က အကြမ်းဖက် စစ်ကောင်စီကို နည်းပညာ အကူအညီပေးနေ၊ သုတေသီများ တရုတ်ကို ဝေဖန်ပြစ်တင်

စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် နေ့စဥ် ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်အား အိမ်နီးချင်း တရုတ်နိုင်ငံက ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် နည်းပညာအကူအညီပေးလျက်ရှိနေသည်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုဝင်ဘာ ၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သင်တန်းကို စစ်ကောင်စီတပ် ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၂ ယောက် တက်ရောက်နေပြီး သင်တန်းကာလမှာ ၅ ရက်ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ဆိုက်ဘာမှုခင်းများကို တိုက်ခိုက်နိုင်ရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu က သင်တန်းဖွင့်ပွဲနေ့က အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတဝှမ်းလုံး၌ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများကို အွန်လှိုင်း နှင့် ဆက်သွယ်ရေး အော်ပရေတာများမှတဆင့် ခြေရာခံကာ လိုက်လံဖမ်းဆီး အကျည်းချ၊ သတ်ဖြတ်မှုများကို ပြုလုပ်လျက်ရှိသည်။

၎င်းအပြင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး ကျေးရွာများအတွင်းသို့ ကုန်း၊ ရေ၊ လေတပ်တို့မှ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်သတ်လျက်ရှိနေသည်။

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို ယခုကဲ့သို့ နည်းပညာအကူအညီများ မပေးသင့်ကြောင်းနှင့် ယခုကဲ့သို့ နည်းပညာများ ပေးခြင်းဟာ အာဏာရှင် သက်ဆိုးရှည်ရေးနှင့် စစ်ရာဇဝတ်မှုများကို အရှိန်အဟုန်မြှင့် ကျူးလွန်နိုင်အောင် အားထည့်ပေးခြင်းနဲ့တူကြောင်း နိုင်ငံရေး သုတေသီ တစ်ဦးက ဝေဖန်ပြောဆိုလိုက်သည်။

“ နိုင်ငံတကာက မြန်မာနိုင်ငံကို ဆက်ရှင် (ပိတ်ဆို့မှု) များ ပြုလုပ်နေတဲ့ အချိန်မှာ တရုတ်က ခုလို မင်းအောင်လှိုင်တို့အဖွဲ့ကို နည်းပညာတွေ ထောက်ပံ့ပေးနေတာမျိုးက လုံးဝ မလုပ်သင့်တဲ့ ကိစ္စပဲ၊ ရာဇဝတ်သားကောင်တွေကို ရာဇဝတ်မှုတွေ ပိုကျူးလွန်နိုင်အောင် အားပေးအားမြှောက် လုပ်ပေးရာ ကျပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်သည် လတ်တလောဖြစ်ပွားနေသော ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲများ၊ PDF တို့နှင့် တိုက်ပွဲများ အတွင်းတွင် နည်းပညာမြှင့် ဒရုန်းတိုက်လေယာဥ်များကို အသုံးပြုပြီး တိုက်ခိုက်လာသည်ကို တွေ့ရသည်။

တရုတ်က အကြမ်းဖက် စစ်ကောင်စီကို နည်းပညာ အကူအညီပေးနေ၊ သုတေသီများ တရုတ်ကို ဝေဖန်ပြစ်တင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ