Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်၏ ရိက္ခာသယ်ယူမှု ကန့်သတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၆၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေဟုသိရ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၃ရက်

တနင်္သာရီတိုင်း မြိတ်ခရိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလက တနင်္သာရီမြို့နယ်ထဲရှိ ကျေးရွာအများစုကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ပြီး လက်နက်ကြီးများဖြင့်မကြာခဏ လှမ်းပစ်ခံရသောကြောင့် ပြည်သူ ၆၀၀၀ ကျော် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိ စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်တို့မှာ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ဘန်းလမွတ်ရွာ၊ မော်တုန်းရွာ၊ တမုတ်ချုန်းရွာ၊ လယ်သစ်ရွာ စသည့်ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေပြီး ကလေးငယ်များအတွက်လည်း ဆေးဝါးများ လိုအပ်နေကြောင်းသိရှိရသည်။

မြိတ်-တနင်္သာရီသို့ သွားသည့်လမ်းတွင် စစ်ကောင်စီ၏ ဇဝဲလမ်းဆုံအခြေစိုက် ခြေမြန်တပ်ရင်းသည် ကန့်သတ်တားဆီးစစ်ဆေးခြင်းရှိပြီး ကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရသည်ဟုသိရသည်။

စစ်ကောင်စီ အဓိက ကန့်သတ်သောပစ္စည်းများမှာ ဆန်၊ စားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီများဖြစ်ပြီး ထိုပစ္စည်းများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရရှိသောကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ