Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူ ၈ဦးဒဏ်ရာရရှိကာ နေအိမ် ၁၇လုံးမီးရှို့ခံရပြီး၊ နေအိမ် ၂၀၀ ကျော်ကိုဖျက်ဆီးခံနေရ

ABN-ရှိုင်းမိုး

သြဂုတ် ၂၃ရက်

​သြဂုတ်လ ၈ရက်နေ့မှ ၁၈ရက်နေ့ထိ တနင်္သာရီတိုင်းတွင် စစ်ကောင်စီမှ ကျေးရွာအတွင်းသို့ဝင်ရောက် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၈ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၇လုံးမီးရှို့ဖျက်ဆီးခံရကာ နေအိမ် ၂၀၀ ကျော်ကိုလည်း ဖျက်ဆီးသွားသည်ဟုသိရသည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်မှ ဧကနိကျေးရွာ၊ ခမောက်ချောင်းကျေးရွာ၊ ဝဇွမ်းတောကျေးရွာများထဲသို့ စစ်အင်အား ၂၀၀ ကျော်ဝင်ရောက်၍ နေအိမ်များကို ဖျက်ဆီးသွားသည်ဟုသိရသည်။

ထိုကျေးရွာများထဲမှ ဧကနိရွာမှ နေအိမ်စုစုပေါင်း ၁၇၀ကို ပျက်စီးပြီး၊ နောက်ထပ်နေအိမ် ၁၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ စစ်အင်အားများဖြင့်ဝင်ရောက်ပြီး ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာထဲမှ ဒေသခံများလည်း ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ဒဏ်ရာရရှိသွားသောသူများသည် ဝဇွမ်းတောရွာမှ အမျိုးသမီး ၂ဦး၊ ဧကနိရွာမှ ရဟန်းတစ်ပါးနဲ့ အမျိုးသား ၁ဦးနှင့် ရပ်တော်မူ ဘုရားလမ်းဆုံမှ ဒေသခံ ၄ဦးတို့ဖြစ်ကြောင်းသိရှိရသည်။

လက်ရှိတွင် ဧကနိရွာ၊ ဝဇွမ်းတောရွာ၊ ခမောက်ချောင်းရွာ၊ ရငဲရွာ၊ ထိန်းကြီးကျေးရွာအပါဝင် ရွာပေါင်း ၁၀ ကျော်မှ ဒေသခံ ၄၀၀၀ သည် စစ်ကောင်စီဝင်ရောက်စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

​ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၃၆၀၀၀ ကျော်နေရပ်စွန့်ခွာနေရကြောင်း သုတေသနအဖွဲ့အစည်းကထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ