
ABN -ကိုဟိန်းထွန်း
မေ ၃၀ ရက်
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်ဇွန်လ ပထမပတ် အတွင်းထုတ်ပြန်ကြေညာရန်စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အောင်စာရင်းများကို ယခင်နှစ်များနည်းတူ သက်ဆိုင်ရာ စာစစ်ဌာန၊ ကျောင်းများတွင်အောင်စာရင်းကပ်ထားကြေညာပေးခြင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် မြန်မာနိုင်
ငံစာစစ်ဌာနများအားလုံး၏ အောင်စာရင်းများထုတ်ပြန်ကြေညာပေးခြင်း၊ ဝေးလံခေါင်ဖျားဒေသများနှင့် အင်တာနက်ခက်ခဲသောဒေသများအတွက် မြန်မာ့အသံ ရေဒီယိုမှ ထုတ်လွင့်မည်ကြောင်းလည်းတွေ့ရှိရသည်။