Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညောင်ဦးတွင်အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ကျော် ကို စစ်ကောင်စီက PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးပြီး အချို့ကို မုဒိမ်းကျင့်

ABN-မေအိအိအောင်

မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများက အသက် ၂၀ ရွယ် အမျိုးသမီး ၁၀ ဦးကျော် ကို PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးပြီး အချို့ကို စစ်ကြောရေးတွင် မုဒိန်းကျင့်မှုများကျူးလွန်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက PDF ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် ၁၀ဦးကျော်ကို ယခုနှစ် ဇန်န၀ါရီလအတွင်း ညောင်ဦးမြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း ဗမာပြည်သတင်းများအရ သိရသည်။

ဖမ်းဆီးခံရသူ အမျိုးသမီးများမှာ မန္တလေး၊ ညောင်ဦးမြို့ပေါ်မှ ကျောင်းဆရာမ မ၀င့်၀ါဦး၊ NGO တွင် အလုပ်လုပ်သည့် မနုနု၀ါဦး၊ ငြိမ်းငြိမ်း၀ါဦးတို့ ညီအမ သုံးဦး၊ မသိမ့်သိမ့်နှင့် ရွှေမိုးစားသောက်ဆိုင် ပိုင်ရှင်၏ သမီး မရွှေဖူးငယ် တို့ပါ၀င်ကြောင်းသိရသည်။

ညောင်ဦးတွင်အမျိုးသမီးငယ် ၁၀ ကျော်ဖမ်းဆီးထားသည့်အနက် အချို့ကို စစ်ကြောရေးတွင် စစ်ကောင်စီမှ အရာရှိများက မုဒိမ်းကျင့်မှုများကျူးလွန်ခဲ့ကြောင်းနှင့် အချို့သော အမျိုးသမီးများ၏ အမည်များကိုမှု အတိအကျမသိရှိရသေးကြောင်း ဒေသတွင်းသတင်းများဖော်ပြချက်အရသိရသသည်။

မုဒိမ်းမှုကျုးလွန်သည့် စစ်ကောင်စီအရာရှိများမှာ ညောင်ဦးမြိုနယ် အထူးစုံစမ်းစစ်ဆေးရေး အရာရှိ နောင်မင်းလတ် အပါအ၀င် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး မျိုးညီ နှင့် စစ်ဘက်ရေးရာ လုခြုံရေး အရာရှိ တင်ထွန်းအောင်တို့ ပါ၀င်ကြောင်းသိရသည်။

ဓာတ်ပုံ-VOM

ညောင်ဦးတွင်အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ကျော် ကို စစ်ကောင်စီက PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးပြီး အချို့ကို မုဒိမ်းကျင့်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ