Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညီနောင်မဟာမိတ် ၃ဖွဲ့ ၏ စစ်ဆင်ရေးအား ကြိုဆိုထောက်ခံကြောင်း ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ သဝဏ်လွှာများပေးပို့

AB News – နိုဝင်ဘာ ၄ ရက်

“Operation 1027” ၁၀၂၇ စစ်ဆင်ရေးတွင် တိုက်ပွဲဝင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ ထောက်ခံကြောင်း အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ထားသည်ဟု နိုဝင်ဘာလ ၄ ရက်နေ့ ၈ နာရီ ၅၅ မိနစ်တွင် ထုတ်ပြန်ထားကြောင်း တွေ့ရသည်။

ကြိဆိုထောက်ခံကြောင်း သဘောထားပေးပို့လာသည့် အဖွဲ့အစည်းများဖြစ်သော Yell Baw Fundrasing Team ၊ Yangon Urban Guerrillas ( YUG ) နှင့် ညီညွတ်သောတိုင်းရင်းသားအဖွဲ့အစည်း ( AUN-Japan )တို့ဖြစ်ကြသည်။

YBFT မှ သဘောထားထုတ်ပြန်ချက်တွင် “စစ်ကောင်စီတပ်ရဲ့ မတရားမှုနဲ့ အာဏာသိမ်းယူခဲ့တဲ့ စစ်အာဏာသိမ်းမှုရက် ပေါင်း(၁၀၀၀)ကျော်လာတဲ့တိုင် တော်လှန်ရေးကြီးပြီးဆုံးအောင်မြင်တဲ့ထိ ကိုယ် စွမ်း၊ဉာဏ်စွမ်းရှိသမျှ ထောက်ပံ့ရေးလုပ်ငန်းတွေကို တာဝန်ကျေပွန်စွာ ဆက်လက် ထမ်းဆောင်သွားမယ်ဖြစ်ကြောင်း ကျနော်တို့ရဲဘောအဖွဲ့အစည်းကလည်းတော်လှန် ကတိသစ္စာပြုအပ်ပါတယ်။ အရေးတော်ပုံမုချအောင်ရမယ်” ဟု ဆိုသည်။

ထို့အပြင်AYU – Japan မှလည်း ” ပြည်သူလူထုရဲ့လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ရေး၊ လူမျိုးအသီးသီးရဲ့ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် မိမိတို့ညီညွတ်သည့် တိုင်းရင်းသားအဖွဲ့အစည်းကလည်း ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက် ညီညီလက်တွဲကာ ကြိုးစားလျှက်ရှိကြောင်းနဲ့” ၁၀၂၇” စစ်ဆင်ရေးကို ဂုဏ်ပြုကြိုဆိုထောက်ခံမှုသဘောထားထုတ်ပြန်ချက်အပါအဝင် တစ်ခြားအဖွဲ့အစည်းများကလည်း ထိုနည်းတူရေသားထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ကြိုဆိုထောက်ခံခြင်းဖြင့် ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းအသီးသီးမှပေးပို့လာသည့် သဘောထားထုတ်ပြန်ချက်ဖြစ်သည့် GZ special Task Force – Wet Let၊ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို ( PMSAP) နှင့် မိုးကြိုးပျောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်မတော် ( PIO/PIA) ၊ ချင်း အမျိုးသားတပ်ဦး ( CNF) ယောကာကွယ်ရေးတပ် ( YDF )၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ( DPNS) ၊ ဧရာဝတီလူငယ်များ သမဂ္ဂ (AYU) နှင့် လူထုတိုက်ပွဲကော်မတီ၊ သပိတ်ကော်မတီတို့ဖြစ်သည်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့က ပေးပို့လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) မန္တလေးခရိုင် တပ်ရင်း ၄ ရင်း၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( ကလလတ ) ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများချိတ်ဆက် ညှိနှိုင်းရေးကော်မတီ ( မန္တလေး ) ( AFCC) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ( BPLA) အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု ( GSCB)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး ) ( PDF)၊ ကျန်းမာရေးမိသားစု – မန္တလေး ( MFM) မိုးကုတ်ဗျူဟာ တပ်ရင်း ၃ ရင်းသည် ပူးပေါင်းပါဝင်လာကြကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ