Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညီနောင်မဟာမိတ် ၃ဖွဲ့ ၏ စစ်ဆင်ရေးအား ကြိုဆိုထောက်ခံကြောင်း အဖွဲ့အစည်းများမှ သဝဏ်လွှာများပေးပို့

AB News – နိုဝင်ဘာ ၂ ရက်

“Operation 1027” ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ ထောက်ခံကြောင်း အဖွဲ့အစည်းများမှ သဝဏ်လွှာများ ပေးပို့ထားသည်ဟု နိုဝင်ဘာလ ၁ ရက်နေ့ ၉ နာရီ ၄၄ မိနစ်တွင် ထုတ်ပြန်လိုက်သည်။

ကြိုဆိုထောက်ခံခြင်းဖြင့် ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ ဖြစ်သော GZ special Task Force – Wet Let၊ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို ( PMSAP) နှင့် မိုးကြိုးပျောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်မတော် ( PIO/PIA) ၊ ချင်း အမျိုးသားတပ်ဦး ( CNF) ယောကာကွယ်ရေးတပ် ( YDF )၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ( DPNS) ၊ ဧရာဝတီလူငယ်များ သမဂ္ဂ (AYU) နှင့် လူထုတိုက်ပွဲကော်မတီ၊ သပိတ်ကော်မတီတို့ဖြစ်သည်။

GZ special Task Force – Wet Let ထုတ်ပြန်ချက်၌ ညီနောင် မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး သည် ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေသည့်စစ်အာဏာရှင် အမြစ်ပြတ်ဖယ်ရှားရေး အတွက် ကြီးမားစွာ အထောက်အပံ့ပြုနိုင်သည့် စစ်ရေးလှုပ်ရှားမှုဖြစ်သည်ဟု ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်လက်ခံပါသည်။ ထို့ကြောင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် ကျွန်ုပ်တို့ GZ Special Task Force အနေဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာပြု ၍ ယခု ကြေညာချက်အား ထုတ်ပြန်အပ်သည်ဟု ပြောထားသည်။

ထို့အပြင် ၁ဝ၂၇ စစ်ဆင်ရေး ” စတင်ကြောင်း ကြေညာခဲ့ပြီးနောက် စစ်ဆင်တိုက်ခိုက်ခဲ့မှုများသည် များစွာအောင်မြင်မှုရှိကြောင်း ကြားသိရသည့်အတွက် အဆွေတော်တို့၏ စစ်ဆင်ရေးအား ကျွန်ုပ်တို့ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ ဝမ်းမြောက်ဝမ်းသာဖြင့် ထောက်ခံကြိုဆိုထောက်ခံပြီး ကျန်ရှိသည့် အဖွဲ့အစည်းအသီးသီးမှ ပူပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) မန္တလေးခရိုင် တပ်ရင်း ၄ ရင်း၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( ကလလတ ) ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူအင်အားများချိတ်ဆက် ညှိနှိုင်းရေးကော်မတီ ( မန္တလေး ) ( AFCC) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ( BPLA) အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု ( GSCB)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး ) ( PDF)၊ ကျန်းမာရေးမိသားစု – မန္တလေး ( MFM) မိုးကုတ်ဗျူဟာ တပ်ရင်း ၃ ရင်းသည် ပူးပေါင်းပါဝင်လာကြကြောင်း အောက်တိုဘာ ၂၉ ရက်နေ့ ၅ နာရီ ၁ မိနစ် ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်ခဲ့သည်။

မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း မိမိတို့ ရည်မှန်းထားသော စစ်‌ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်