Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညီနောင်မဟာမိတ် သုံးဖွဲ့အား တန်ပြန်ချေမှုန်းသွားမည်ဟု စကစ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

ညီနောင်မဟာမိတ် သုံးဖွဲ့အား တန်ပြန်ချေမှုန်းသွားမည်ဟု စကစ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

AB News – နိုဝင်ဘာ ၃ ရက်

စစ်ရေးအဖက်ဖက်မှ ရှူံးနိမ့်နေသည့် မြန်မာ့တပ်မတော်သည် ညီနောင်မဟာမိတ် ၃ ဖွဲ့အား ပြန်လည်ချေမှုန်းသွားမည်ဖြစ်ကြောင်း စကစ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ရှမ်းမြောက် ဒေသတိုက်ပွဲအတွင်း စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်မှ အနုတ်လက္ခဏာထွက်ရှိနေသည့် စစ်ကောင်စီတပ်သားများအတွက် ပြန်လည်ချေမှုန်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ပြောကြားလိုက်ခြင်းဖြစ်သည်။

“မိမိတို့အနေ​နဲ့ တိုင်းရင်းသားအချင်းချင်းယုံကြည်မှုထားပြီး ဆောင်ရွက်ပေးခဲ့တာတွေ၊ သို့ပေမယ့်လည်း မိမိတို့အပေါ် တိုက်ခိုက်မှုတွေ ဆောင်ရွက်လာတဲ့အတွက် မိမိတို့အနေနဲ့ တန်ပြန် ချေမှုန်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်” ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မင်းအောင်လှိုင် ပြောရာတွင် MNDAA နှင့် TNLA တို့အဓိကပြောဆိုထားပြီး AA ကိုဖော်ညွှန်းထားခြင်းမရှိကြောင်း တွေ့ရသည်။

အောက်တိုဘာ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီ၏ ​ဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်းသည် အွန်လိုင်းငွေလိမ်လုပ်ငန်းသည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များရှိရာ ဝ နှင့် မိုင်းလားတို့တွင် အများဆုံးရှိနေပြီး ၎င်းထဲတွင် မြန်မာစစ်တပ်ဖက်မှ တစ်ဦးမှမပါဝင်ကြောင်း လိမ်လည်ထားသည်ကို တွေ့ရသည်။

ထို့အပြင်ကိုးကန့်၊ “ဝ”၊ မိုင်းလားတို့တွင် မှုးယစ်ဆေးသုံးစွဲသူများ နှင့်ငွေလိမ်ဂိုဏ်းများကို တိုင်းရင်းသားလက်နက်အဖွဲ့များလုပ်ကိုင်နေသည် ဟု ဝါဒဖြန့်ချီထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျဆုံးများနေခြင်း၊ စခန်းများလက်လွှတ် ဆုံးရှူံးမှုများလာခြင်း၊ တပ်တွင်းအထက် အောက်စီးဆင်းမှု ပျက်ပြားလာခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လာခြင်း နှင့် တပ်တွင်းပြေးမှုများ ပိုများလာသည့်အတွက် ညီနောင် ၃ ဖွဲ့အား တန်ပြန်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Operation ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းတိုက်ပွဲဝင်နေသည့် MNDAA၊ TNLA ၊ AA အပါအဝင် အခြားမဟာမိတ် အဖွဲ့အစည်းများသည် ၎င်းတို့ရည်မှန်းထားသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်