
ABN-ရာဟု
ဇူလိုင် ၁၂ရက်
စနစ်ဟောင်း Grate-10 /နဝမတန်း အောင်မြင်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်မရှိသူ ကျောင်းသားကျောင်းသူများနှင့် ၂၀၂၃ခုနှစ်တွင် စနစ်ဟောင်း Grate -11/ဒသမတန်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ၂၀၂၄ခုနှစ် စနစ်သစ် တက္ကသိုလ်ဝင်တန်း Grate -12/ဒွါဒသမတန်းကို ကျောင်းပြင်ပအနေဖြင့် ဖြေဆိုခွင့်ပြုလိုက်သည်ဟု မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားသည်။
ရခိုင်တွင် ၂၀၂၂/၂၃ ပညာသင်နှစ်အတွင်း စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၉၁၆၅ ဦးတို့ စာစစ်ဌာန ၆၀တွင် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းပြင်ပဖြေဆိုသူ ဦးရေ ၁၈၇၅၇ ဦးအထိရှိခဲ့သည်ဟု သိရသည်။